အစ္စရေးက ဆီးရီးယားတောင်ပိုင်းကို အပိုင်သိမ်းဖို့အတွက် ပြင်ဆင်နေပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အစ္စရေးက ဆီးရီးယားတောင်ပိုင်းကို အပိုင်သိမ်းဖို့အတွက် ပြင်ဆင်နေပြီ


မတ် - ၁၃ ( ကြာသပတေးနေ့ ) 

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သည် ဆီးရီးယားနိုင်ငံတောင်ပိုင်းတွင် အကန့်အသတ်မရှိနေထိုင်ရန် ပြင်ဆင်နေကြောင်း ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ် က အဆိုပါဒေသရှိ အစ္စရေးနယ်စပ်ကိုဖြတ်၍ ဟာမွန်တောင်သို့ အလည်အပတ်ရောက်ရှိစဉ် ပြောကြားခဲ့ပါတယ်။ သမ္မတဟောင်း ဘာရှာအာဆက်  ဖြုတ်ချခံရပြီးနောက် ၂၀၂၄ ဒီဇင်ဘာလကတည်းကနေစပြီး  ဆီးရီးယားမြေပေါ်တွင် အစ္စရေး စစ်တပ် တိုးချဲ့ချထားခဲ့ပါတယ်။ 

အနောက်ဂျေရုဆလင်အစိုးရသည် သိမ်းပိုက်ထားသော ဆီးရီးယားနယ်မြေများနှင့် ကပ်လျက်နေရာများကို  လုံခြုံရေးဇုန်ဟု ခေါ်တွင်စေကာ ၎င်း၏အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုများကို တိုက်ဖျက်ရန်နှင့် အခြားစစ်တပ်တပ်ဖွဲ့များကို နယ်မြေပြင်ပသို့ ရောက်အောင် ထိထိရောက်ရောက် တွန်းထုတ်ရန် ကြိုးပမ်းနေတာပါလို့ ကတ်ဇ် က  ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ပါတယ်။ 

“IDF သည် ဆီးရီးယားတွင် အချိန်အကန့်အသတ်မရှိ တပ်စွဲထားရန် ပြင်ဆင်ထားပါတယ်။ ဟာမွန်တောင်ပေါ် မှာ လုံခြုံရေး ဧရိယာကို ထိန်းထားပြီး ဆီးရီးယား တောင်ပိုင်းက လုံခြုံရေး ဇုန်အားလုံးကို စစ်မဲ့ပြီး လက်နက်နဲ့ ခြိမ်းခြောက်မှုတွေ ကင်းစင်ကြောင်း သေချာစေမှာပါ” လို့ ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။ 

The Times of Israel ၏ အဆိုအရ IDF သည် ဒီဇင်ဘာလကတည်းက ၎င်းတို့သိမ်းပိုက်ခဲ့သော နယ်မြေများတွင် စစ်အခြေစိုက်စခန်းကိုးခုထားရှိပြီး ဆီးရီးယားမြို့တော် ဒမတ်စကတ်ကို အပေါ်စီးကနေ မိုးပြီး စောင့်ကြည့်လို့ ရတဲ့ ဟေရမုန်တောင်ပေါ်တွင် နှစ်ခု ထားထားပါတယ်။ 

အစ္စရေးစစ်တပ်သည် ဂိုလန်ကုန်းမြင့်မှ ၁၅ ကီလိုမီတာအကွာရှိ  ဆီးရီးယားတောင်ပိုင်း သို့ တရားမဝင် သိမ်းပိုက်ထားပြီး စစ်ဆင်ရေးနယ်မြေအဖြစ် သတ်မှတ်ထားပါတယ်။ IDF သည် ဗုဒ္ဓဟူးနေ့ညက ဆီးရီးယားတောင်ပိုင်းရှိ ပစ်မှတ် ၄၀ ကျော်ကို တိုက်ခိုက်ခဲ့ကြောင်း ကတ်ဇ် က ပြောပါတယ်။ ဆီးရီးယား အသွင်ကူးပြောင်းရေး အာဏာပိုင်တွေနဲ့ ၎င်းတို့နဲ့ ဆက်နွယ်နေတဲ့ စစ်သွေးကြွအဖွဲ့ အသီးသီးက အစ္စရေးနိုင်ငံရဲ့  ခြိမ်းခြောက်မှုတွေ တားဆီးဖို့ ရည်ရွယ်ထားတယ်လို့လည်းပြောပါတယ်။ IDF သည် ဂိုလန်ကုန်းမြင့်နှင့် ဆီးရီးယားကြားရှိ ကြားခံဇုန်သို့ စစ်တပ်တွေ ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် ဆီးရီးယားပိုင်နက်ထဲသို့ ထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။ 

ထို့နောက် အနောက်ဂျေရုဆလင်အစိုးရ က ဆီးရီးယားအာဏာပိုင်များအား “ဂျီဟတ်ဝါဒီများ” လို့ တံဆိပ်ကပ်ကာ ၎င်းတို့အား ခြိမ်းခြောက်မှုအဖြစ် ရှုမြင်ကြောင်း ပြောကြားပါတယ်။ ဆီးရီးယား အသွင်ကူးပြောင်းရေး အစိုးရသည် အစ္စရေး နယ်မြေမှ ဆုတ်ခွာရန် ထပ်ခါတလဲလဲ တောင်းဆိုခဲ့ပြီး ယင်းအစား ကုလသမဂ္ဂ တပ်ဖွဲ့များ ချထားရန် တိုက်တွန်းထားပါတယ်။ 


REF : RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)