ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး အိမ်ခြေ (၃၆၀) ခန့် မီးလောင်ပျက်စီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားပြီး အိမ်ခြေ (၃၆၀) ခန့် မီးလောင်ပျက်စီး



ပွင့်ဖြူ, မတ် ၁၃


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ မုန်းဇလဲကျေးရွာတွင် ယမန်နေ့ ညနေ ၃ နာရီ ၃၀ မိနစ် အချိန်ခန့်က မီးလောင်မှုဖြစ်ပွားပြီး အိမ်ခြေ (၃၆၀) ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။


ဖြစ်စဉ်မှာ ယနေ့ညနေ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်က ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာ နတ်စင်အနီး နေထိုင်သူ ကိုသက်(ခ) ကိုသက်နိုင်ထွန်း ပိုင်ဆိုင်သော နေအိမ်မှ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရပြီး အဆိုပါ မီးလောင်မှုအား ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလင်းလင်းအောင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့် သန္ဓေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကုန်းဇောင်းတိုက်နယ်၊ ကျောင်းတော်ရာတိုက်နယ်၊ လယ်ကိုင်းတိုက်နယ်ရှိ နယ်မြေမီးသတ်စခန်းတာဝန်ခံနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ စကုမြို့မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ စလင်းမြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များက ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများနှင့်အတူ မီးငြှိမ်းသတ်ယာဉ် ၄ စီး၊ မီးသတ်ရေသယ်ယာဉ် ၆ စီး၊ မီးသတ်စက်ယာဉ် ၂ စီးတို့ဖြင့် ဝိုင်းဝန်းပူးပေါင်းငြှိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် မီးထိန်းနိုင်ခဲ့ကြောင်း သိရသည်။


အဆိုပါ မီးလောင်မှုကြောင့် ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာရှိ အိမ်ခြေ ၄၅၀၊ အိမ်ထောင်စု ၄၇၀ ရှိသည့်အနက် အိမ်ခြေ ၃၆၀ ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက မီးလောင်မှုဖြစ်စဉ်အား စုံစမ်းစိစစ်လျက်ရှိပြီး၊ မီးဘေးသင့်ပြည်သူများကို ယာယီတည်းခိုနေထိုင်နိုင်ရေးအတွက် ယင်း ကျေးရွာရှိ မိုးကောင်း ဘုန်းတော်ကြီးကျောင်းတွင် လူဦးရေ (၅၀၀) ခန့်၊ ကျောင်းသစ်ကျောင်းတွင် လူဦးရေ (၅၀၀) ခန့်၊ ကျောင်းကြီးကျောင်းတွင် လူဦးရေ (၃၀၀) ခန့်တို့ကို နေရာများ စီစဉ်ဆောင်ရွက်ပေးကာ စားသောက်ရေးအတွက် မြို့ပေါ်ရှိ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများနှင့် အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများက ထမင်းထုပ်များ၊ ရေသန့်ဗူးများ လာရောက်ကူညီလှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)