အမျိုးသမီးများအား တရုတ်မယားအဖြစ် ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမျိုးသမီးများအား တရုတ်မယားအဖြစ် ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်



နေပြည်တော်၊ မတ် ၂

အမျိုးသမီးများအား တရုတ်မယားအဖြစ် ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြသူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ် နှစ် (၂၀) စီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ် စံပြရွာနေ ခင်မျိုးကြည်(ခ)မြတ်နိုးနှင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် မြင်းချင်းရွာနေ သက်ထားဆွေ(ခ)သက်ထားတို့က စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် မြင်းချင်းရွာနေ မ----၊ ၂၂/၂၄ နှစ်နှင့် မကွေးတိုင်းဒေသကြီး ချောက်မြို့နယ် (၁၀) ရပ်ကွက်နေ မ----၊ ၃၀/၂၄ နှစ်တို့အား တရုတ်နိုင်ငံ၌ တရုတ်ယောကျ်ားယူပါက ငွေကျပ်သိန်း (၁၀၀) ရရှိမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြသဖြင့် ပုသိမ်ကြီးမြို့နယ် အုန်းချောနယ်မြေရဲစခန်း (ပ)၇၅/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅/၄၄ ဖြင့်လည်းကောင်း၊ အုန်းချောနယ်မြေရဲစခန်း(ပ)၇၆/၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄ ဖြင့်လည်းကောင်း အမှုဖွင့်လှစ်တရားစွဲတင်ပို့ခဲ့သည်။

အဆိုပါအမှုအား အောင်မြေသာစံခရိုင်တရားရုံးမှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားခံ ခင်မျိုးကြည်(ခ)မြတ်နိုးနှင့် သက်ထားဆွေ(ခ)သက်ထားတို့ နှစ်ဦးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ တစ်မှုလျှင် အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်စီဖြင့် နှစ်(၂၀)စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။


#News #MNP

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)