ကျိုက်မရော၌ ၃၈ ဖြာ မင်္ဂလာယဥ်ကျေးလိမ္မာသင်တန်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်မရော၌ ၃၈ ဖြာ မင်္ဂလာယဥ်ကျေးလိမ္မာသင်တန်းဆင်းပွဲကျင်းပ



ကျိုက်မရော၊ မတ် ၂၇

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဗုဒ္ဓဘာသာကလျာဏ ယုဝအသင်း(YMBA)မှကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း၌ ကျောင်းသား၊ ကျောင်းသူများအချိန်ကို တန်ဖိုးရှိစွာ အသုံးချတတ်စေရန်နှင့် ငယ်စဥ်ကလေးဘဝမှစ၍ ဗုဒ္ဒဘာသာကိုယုံကြည်ကိုးကွယ်ပြီး ဘာသာစာပေများ လေ့လာမှတ်သားနိုင်စေရန်ရည်ရွယ်၍ နွေရာသီ ၃၈ ဖြာမင်္ဂလာယဥ်ကျေးလိမ္မာသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်က သင်္ဃန်းချောင်ကျေးရွာ အလယ်တန်းကျောင်းခွဲ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာဗုဒ္ဓဘာသာကလျာဏ ယုဝအသင်းဥက္ကဋ္ဌ ဦးအေးအောင်က သင်တန်းဆင်း အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ဆွေက ကျေးဇူးတင်စကားပြောကြားကာ သင်တန်းသား၊ သင်တန်းသူများအား YMBA အသင်းဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကသင်တန်း ဆင်း လက်မှတ်များ ပေးအပ်ခဲ့သည်။

အဆိုပါ သင်တန်းသို့ အခြေခံပညာအလယ်တန်းနှင့်မူလတန်းကျောင်းသား၊ ကျောင်းသူ(၇၀)ဦးတို့ တက်ရောက်ခဲ့ကြပြီး သင်တန်း ကာလမှာ မတ်လ ၁၆ ရက်မှ ၂၆ ရက်နေ့အထိ (၁၀)ရက်ဖြစ်ကြောင်း သိရသည်။


ချိုမြတ်မြတ်ထွေး

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)