နေပြည်တော်၊ မတ် ၁၀
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၌ မတ်လ ၈ ရက်နေ့က လိုင်စင်မဲ့မော်တော်ယာဉ် ၁ စီး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မတ်လ ၈ ရက်နေ့ ည ၆ နာရီ ၅၀ မိနစ်အချိန်တွင် မကွေးမြို့နယ်၊ ကံပြား ကျေးရွာရှိ မကွေးမြို့ဝင်ဂိတ်(မြောက်ဂိတ်)တွင် မကွေးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ မော်တော်ယာဉ်စစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် ကံပြားကျေးရွာဘက်မှ မကွေးမြို့ဘက်သို့ မကွေးမြို့နယ်၊ ရန်ကျော်ရပ်ကွက်နေ အောင်ခန့်(၂၁)နှစ် မောင်းနှင်လာသည့် YGN 21/2I-xxxx Toyota Mark II ယာဉ်အား ရပ်တန့်စစ်ဆေးရာ မော်တော်ယာဉ်နှင့်ပတ်သက်သည့် အထောက်အထားတစ်စုံတစ်ရာ ပြသနိုင်ခြင်းမရှိဘဲ လိုင်စင်မဲ့ယာဉ် ဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့် အောင်ခန့်အား မကွေးနယ်မြေရဲစခန်း (ပ)၃၉/၂၀၂၅၊ ပို့ကုန်သွင်း ကုန်ဥပဒေပုဒ်မ ၈ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
https://t.me/MyanmarNationalPost

No comments:
Post a Comment