ဇီးကုန်း၊ မတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံကျန်းမာရေးမှူးအသင်းတို့ပူးပေါင်း၍ TB Mobile Clinic ကို ယမန်နေ့ နံနက်က ဝက်စာပိုးကျေးရွာအုပ်စု၊ ညောင်ဇင်ကျေးရွာတွင် (အခမဲ့) စမ်းသပ်စစ်ဆေးကုသဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်ဆရာဝန်ကြီး ဒေါက်တာအောင်ကိုကိုနှင့် ကျန်းမာရေးဝန်ထမ်းများက တီဘီရောဂါသံသယရှိသူနှင့် အတူနေသူ (၁၅၀)ဦးအား (အခမဲ့) စမ်းသပ်စစ်ဆေးကုသပေးခဲ့ကြောင်း သိရှိရသည်။
တင့်ဆွေ
Join - https://t.me/MyanmarNationalPost

No comments:
Post a Comment