သထုံမြို့၌ (၈၉) ကြိမ်မြောက် အာစိဏ္ဏာရာမ ပရိယတ္တိသာသနောဒယစာမေးပွဲ စာအောင်ဆုနှင်းသဘင် ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သထုံမြို့၌ (၈၉) ကြိမ်မြောက် အာစိဏ္ဏာရာမ ပရိယတ္တိသာသနောဒယစာမေးပွဲ စာအောင်ဆုနှင်းသဘင် ကျင်းပ








သထုံ၊ မတ် ၂၅

မွန်ပြည်နယ်၊ သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်ရှိ အာစိဏ္ဏာရာမကျောင်းတိုက်၏ (၈၉) ကြိမ်မြောက် ပရိယတ္တိသာသနောဒယစာမေးပွဲ စာအောင်သံဃာ ဓမ္မပူဇာဆုနှင်းသဘင်အခမ်းအနားကို ၂၃ရက်နေ့ နံနက်က အဆိုပါကျောင်းဝင်းအတွင်းရှိ ဓမ္မသီတလကျောင်းဆောင်၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ စာအောင်ပုဂ္ဂိုလ်တို့အား ကြိုဆိုပင့်ဆောင်ကြပြီး သထုံမြို့နယ်၊ ဂေါ့ကျေးရွာ ဝိဇယာရာမကျောင်းတိုက် ဦးစီးပဓာနနာယက၊ မြို့နယ်သံဃနာယကဥက္ကဋ္ဌဆရာတော် ဘဒ္ဒန္တသူရိယထံမှ ဧည့်ပရိတ်သတ်အပေါင်းတို့က သီလခံယူဆောက်တည်၍ အနုမောဒနာတရား နာကြားကြသည်။

ယင်းနောက် စာအောင်သံဃာတော်နှင့် သီလရှင်တို့အား အာစိဏ္ဏာရာမ ပရိယတ္တိ သာသနောဒယစာမေးပွဲကျင်းပရေးကော်မတီမှ တာဝန်ရှိသူတို့က စာအောင်ဆုများချီးမြှင့်ပေးကြကာ ကြွရောက်လာကြသည့် ဧည့်ပရိတ်သတ်နှင့်အလှူရှင်များက စာအောင်ဓမ္မပူဇာ လှူဖွယ်များ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ အာစိဏ္ဏာရာမ ပရိယတ္တိစာမေးပွဲအား သထုံမြို့နယ် ပရိယတ္တိသာသနာ့ဝန်ဆောင်ဆရာတော်များဦးဆောင်၍ နှစ်စဉ်ကျင်းပခဲ့ခြင်းဖြစ်ပြီး ယခုနှစ်တွင် (၈၉)ကြိမ်မြောက်အဖြစ် ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှ ၂၀ ရက်နေ့အထိ ၆ ရက်ကြာကျင်းပခဲ့ရာ အခြေပြုမူလတန်း (၄၂၄)ပါး၊ ပထမငယ်တန်း (၂၃၉)ပါး၊ ပထမလတ်တန်း (၁၁၂)ပါး၊ ပထမကြီးတန်း (၆၃)ပါး၊ ဓမ္မာစရိယတန်း (၆၀)ပါး၊ စုစုပေါင်း ရဟန်း၊ ရှင်သာမဏေနှင့် သီလရှင်(၈၉၈)ပါးတို့ ဝင်ရောက်ဖြေဆိုတော်မူခဲ့ကြပြီး ဓမ္မာစရိယတန်း(၆)ပါး၊ ပထမကြီးတန်း(၁၅)ပါး၊ ပထမလတ်တန်း(၃၀)ပါး၊ ပထမငယ်တန်း(၅၄)ပါး၊ အခြေပြုမူလတန်း(၂၁၁)ပါး၊ စုစုပေါင်း (၃၁၆)ပါးတို့ ဖြေဆိုအောင်မြင်တော်မူခဲ့ကြကြောင်း သိရသည်။


ခရိုင် 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)