တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ ခရမ်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အစာတောင့်စက်ရုံလုပ်ငန်းခွင်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ ခရမ်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် အစာတောင့်စက်ရုံလုပ်ငန်းခွင်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေး






ရန်ကုန်၊ မတ် ၆

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများသည် တိုင်းဒေသကြီးဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက ခရမ်းမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကြက်နှင့် ငါးများ၏ အစာတောင့်စက်ရုံလုပ်ငန်းခွင်များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ခရမ်းမြို့နယ်၊ သက္ကယ်ကုန်းကျေးရွာအုပ်စု၊ တောင်သူ ဦးအောင်လွင်၏ (၃) ဧကတွင် ရက် (၉၀) စပါးအား မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးထားရှိသည့် စိုက်ခင်းအား ကြည့်ရူစစ်ဆေးပြီး (Seeder) ဖြင့် စိုက်ပျိုးခြင်းကြောင့် ရရှိသည့်အကျိုးကျေးဇူးများကိုလည်းကောင်း၊ Seeder ဖြင့် စိုက်ပျိုးသည့် နည်းစနစ်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် ရှောင်ကြဉ်ရမည့် အချက်များကိုလည်းကောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သက္ကယ်ကုန်းကျေးရွာရှိ ပုဂ္ဂလိက လုပ်ငန်းရှင်တစ်ဦး၏ ဥစားကြက်မွေးမြူရေးခြံတွင် အအေးခန်းစနစ် အလုံပိတ်ခြံ(၉)ခြံတွင် ကြက်အကောင်ရေ နှစ်သိန်းသုံးသောင်းမွေးမြူထားရှိမှုနှင့် တစ်နေ့လျှင် ကြက်ဥအလုံး တစ်သိန်းခုနှစ်သောင်းထွက်ရှိမှုအား ကြည့်ရူစစ်ဆေးပြီး လိုအပ်သည်များမှာကြား၍ လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရူကြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် သက္ကယ်ကုန်းကျေးရွာရှိ ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးက ပြောင်း၊ ဆန်ကွဲ၊ ဖွဲနု၊ ပဲဖတ်၊ ပဲပုတ်၊ နှမ်းဖတ်၊ နေကြာဖတ်၊ ငါးခြောက်၊ ငါးပေါင်းမှုန့် အစရှိသည့် ကုန်ကြမ်းများကို အသုံးပြု၍ ကြက်နှင့် ငါးများ၏ အစာတောင့်စက်ရုံလည်ပတ်နေမှုလုပ်ငန်းခွင်အတွင်း ကြည့်ရူစစ်ဆေးရာ လုပ်ငန်းလုပ်ကိုင်သူက ကုန်ကြမ်းအဆင့်မှ ကုန်ချောထွက်ရှိသည့်အထိ လုပ်ငန်းအဆင့်ဆင့် ဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


ဇွဲထက်ကို 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)