ဒိုက်ဦးမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒိုက်ဦးမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းများ ကျင်းပ




ဒိုက်ဦး၊ မတ် ၂၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော နွေရာသီအခြေခံအားကစားသင်တန်းများကို မြို့နယ်မိုးလုံလေလုံအားကစားခန်းမနှင့် ဘောလုံးကွင်းအတွင်း၌ ကျင်းပပြုလုပ်လျက်ရှိသည်။

အဆိုပါ သင်တန်းများတွင် ဘောလုံး၊ ဘက်စကတ်ဘော၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်နှင့် အေရိုးဗစ်အားကစားနည်းများပါဝင်ကြောင်း လူငယ်မောင်မယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အားကစားအသိစိတ်ဓါတ် ပိုမိုသက်ဝင်ယုံကြည်လာခြင်းမှာလည်း တစ်မျိုးသားလုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် မိမိဝါသနာပါရာ အားကစားနည်းများကို လေ့ကျင့်လိုက်စားမှုသည် အမျိုးသားအားကစားအဆင့်အတန်း၊ တိုးတက်မြင့်မားလာစေရန်နှင့် နွေရာသီအားကစားသင်တန်းများမှတဆင့် ဗီဇပါရမီရင့်သန်၍ အောင်မြင်မှုအလားအလာရှိသော မျိုးဆက်သစ်အားကစားသမားများ ရှာဖွေဖော်ထုတ်လေ့ကျင့်ပေးပြီး နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားများအဖြစ်သို့ ပြုစုပျိုးထောင်လေ့ကျင့်ပေးသွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သင်ကြားပေးခြင်းဖြစ်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးနေလင်းဦးက အမှာစကားပြောကြားသည်။

သင်တန်းများတွင် ကိုမတ်လ ၃ ရက်နေ့မှ စတင်၍ မတ်လ ၂၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။


မြို့နယ် 

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)