မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေနံချောင်းမြို့ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာဖြေသံဃာတော်နှင့် သီလရှင်များအား အလှူငွေများ ဆက်ကပ်လှူဒါန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ရေနံချောင်းမြို့ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာဖြေသံဃာတော်နှင့် သီလရှင်များအား အလှူငွေများ ဆက်ကပ်လှူဒါန်း






ရေနံချောင်း၊ မတ် ၂၇

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်း ကျင်းပလျက်ရှိသည့်  ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာဖြေသံဃာတော်များနှင့် သီလရှင်များအား အချိုရည်ဖျော်ရည်နှင့် ရေသန့်များ ဆက်ကပ်နိုင်ရန်အတွက် အလှူငွေများ လှူဒါန်းလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီက ရေနံချောင်းမြို့နယ်အတွင်းရှိ စာဖြေသံဃာတော်များအတွက် အလှူငွေကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဆက်လက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်၌ ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ရာပြည့်သာသနာ့ဗမာန်တော်၌ မတ် ၂၅ ရက်နေ့မှ ဧပြီ ၆ ရက်နေ့အထိ ကျင်းပလျက်ရှိရာ စာဖြေသံဃာတော်များအား စာဖြေရက်များအတွင်း အချိုရည်‌ဖျော်ရည်နှင့် ရေသန့်များဆက်ကပ်နိုင်ရန်အတွက် ငွေကျပ် ၉၈၄၀၀၀ ကို တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေးဦးစီးမှူးနှင့် တာဝန်ရှိသူများက စာမေးပွဲကြီးကြပ်ရေး ဆရာတော်ကြီးများထံသို့ ဆက်ကပ်လှူဒါန်းခဲ့သည်။

စာဖြေသံဃာတော်များ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရန်အတွက် စာမေးပွဲကြီးကြပ်ရေးအဖွဲ့ဆရာတော်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်သံဃဝေယျာဝစ္စအဖွဲ့များနှင့် လူပုဂ္ဂိုလ်များ၊ အလှူရှင်ဒကာဒကာမများက ရတနာမဉ္ဇူသုဓမ္မာတန်ဆောင်း‌တွင် နေ့စဉ်နေ့ဆွမ်းဆက်ကပ်ခြင်းနှင့် ဆွမ်း၊ ကွမ်းဝေယျာဝစ္စကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


မြို့နယ်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)