မတ် - ၃ ( တနင်္လာနေ့ )
ဗြိတိန်ဝန်ကြီးချုပ် ကီယာစတာမာက ရုရှားကို ဆန့်ကျင်ဖို့အတွက် ဥရောပမှာ ညွှန့်ပေါင်းအဖွဲ့အသစ်ဖွဲ့ဖို့အတွက် အကြံပြုခဲ့ပြီးနောက်မှာတော့ ဂျာမန်အဓိပတိ အိုလက်ဖ်ရှိုးဇ်က ဥရောပလုံခြုံရေးက ယူကရိန်းကို ဗဟိုပြုပြီး လှုတ်ရှားရမယ်လို့ ဆိုလိုက်ပါတယ် ။
လက်ရှိအနေအထားမှာက ယူကရိန်းအစိုးရကို ကျောထောက်နောက်ခံလုပ်ပေးနေတဲ့ ဥရောပနိုင်ငံတွေမှာ သူတို့ပေးနိုင်တဲ့ အရင်းအမြစ်တွေက အကန့်အသတ်နဲ့ ရှိနေတာဖြစ်လို့ တက်နိုင်တဲ့ နိုင်ငံတွေက အချို့ကိစ္စတွေကို ကြိုပြီး အရေးပေါ်လုပ်ဆောင်သင့်ကြောင်း မနေ့ကပြုလုပ်ခဲ့တဲ့ လန်ဒန်မြို့ အစည်းအဝေးမှာ စတာမာ က ပြောခဲ့ပါတယ်။ စည်းဝေးပွဲအပြီး သတင်းထောက်များနှင့် စကားပြောရာတွင် ရှိုးဇ်က ဘာလင်တပ်များ ယူကရိန်းမှာ ချထားမည်ကို မဖော်ပြသော်လည်း ယူကရိန်းအတွက် ငွေကြေးနှင့် စစ်ရေးထောက်ပံ့မှုများကို ဆက်လက်ပေးသွားမှာပါလို့ အလေးပေးဖော်ပြခဲ့ပါတယ်။
"ကျွန်တော်တို့ ယူကရိန်းကို ငွေကြေးနဲ့ စစ်ရေးနည်းလမ်းနဲ့ ပံ့ပိုးပေးရမယ်ဆိုတာ ရှင်းပါတယ်၊ ဘာလင်အစိုးရ တစ်ခုတည်းကပဲ ကိယက်ဗ်အစိုးရအတွက် စုစုပေါင်း ယူရို ၄၄ ဘီလီယံ စုထားပြီးထားပါပြီ။ လက်ရှိကျနော်တို့ ပေးပြီးတာ ၁၈ ဘီလီယံ ရှိနေပါတယ်။ တစ်နိုင်ငံချင်းယှဉ်ရင်တော့ ယူကရိန်းကို ထောက်ပံ့တဲ့နေရာမှာ ကျနော်တို့က ဒုတိယနေရာမှာ ရှိပါတယ်" လို့ ရှိုးဇ် က ပြောသွားပါတယ်။
“ကျနော် ဒုတိယပြောချင်တာက အနာဂတ်မှာ ယူကရိန်းက ကိုယ့်လုံခြုံရေးကို ကိုယ်တိုင်ကာကွယ်နိုင်အောင် တည်ဆောက်ပေးဖို့ပါပဲ။ သူတို့ဆီမှာရှိတဲ့ လုံခြုံရေး ဗိသုကာတွေအားလုံး သက်ဝင်နေအောင်လုပ်ပေးထားပါမယ်။ ယူကရိန်းကို စစ်မဲ့ဇုံအဖြစ်ဖန်တီးဖို့ လက်ရှိရုရှားသိမ်းထားတဲ့ ယူကရိန်းမြေများကို အလွတ်ထားထားဖို့ ၊ ယူကရိန်းကို ကြားနေနိုင်ငံအဖြစ်ထားရှိရမယ်ဆိုတဲ့ ရုရှားရဲ့ အမြင်များကို လက်ခံမှာမဟုတ်ပါဘူး။ ကျနော်တို့ ကတော့ ယူကရိန်းကို နောက်တစ်ကြိမ် မတိုက်ခိုက်နိုင်အောင် အားကောင်းနေဖို့ လုပ်ထားပေးသွားမှာပါ" လို့ ပြောသွားပါတယ်။
REF - RT
https://t.me/MyanmarNationalPost
No comments:
Post a Comment