အမရပူရမြို့တွင် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းဘာသာရပ်များ စွမ်းရည်မြှင့်သင်တန်းများ ပို့ချသင်ကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမရပူရမြို့တွင် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းဘာသာရပ်များ စွမ်းရည်မြှင့်သင်တန်းများ ပို့ချသင်ကြား



အမရပူရ၊ မတ် ၂၄

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့တွင် မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့်အထက်တန်းတို့တွင် သင်ကြားလျက်ရှိသော ဆရာ၊ ဆရာမများကို ဘာသာရပ်အလိုက် စွမ်းရည်မြှင့်သင်တန်းများကို ယနေ့နံနက် ၉ နာရီက စတင်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဘာသာရပ်အလိုက် စွမ်းရည်မြှင့်သင်တန်းများကို အခြေခံပညာအလယ်တန်း ဘာသာရပ် စွမ်းရည်မြှင့်သင်တန်းကို အမရပူရမြို့လေးစုရပ်ရှိ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းတွင် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ ၂၃၀ ဦးကို နည်းပြဆရာ၁၆ဦးမှ ပို့ချလျက်ရှိပြီး အထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို ဆင်စွယ်ပွတ်ရပ်ကွက်ရှိ အမှတ် ၂ အခြေခံပညာအထက်တန်း ကျောင်းတွင် သင်တန်းသားဆရာ၊ ဆရာမ ၁၉၀ ဦးအား နည်းပြဆရာ ၁၆ ဦးဖြင့် ပို့ချသင်ကြားလျက်ရှိပြီး သင်တန်းများကို ၄ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


စိုးသီဟ(အမရ)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)