ကျောက်တံတားမြို့နယ်ရုံး၊ Community Centreခန်းမတွင် ဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်တံတားမြို့နယ်ရုံး၊ Community Centreခန်းမတွင် ဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်





ကျောက်တံတား၊ မတ်၂၄

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်ရုံး Community Centre ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ကျောက်တံတားမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးလိန်းဟုန်းမာန်က “နွေရာသီအားလပ်ရက်မှာ စာကြည့်တိုက်သို့လာရောက်ပြီး စာအုပ်များ အခမဲ့လာရောက်ဖတ်ရှုနိုင်သလို မိမိတို့ဝါသနာပါရာ လာရောက်လေ့လာနိုင်သည့်အပြင် ဖွင့်လှစ်သင်ကြားပေးနေသည့် အခမဲ့သင်တန်းများကိုလည်း တက်ရောက်နိုင်ကြောင်း” ပြောကြားခဲ့ပြီးနောက် ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ပေးခဲ့သည်။

ကျောက်တံတားမြို့နယ်ရုံးအနေဖြင့် စာဖတ်ရှိန်မြင့်မားလာစေရန်အတွက် စာကြည့်တိုက်အား အသုံးချ၍ အသိပညာများတိုးပွားစေခြင်း၊ သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်း၊ ကွန်ပျူတာများ အခမဲ့အသုံးပြု​ခွင့်ပေးထားခြင်းများအပြင် ပြပွဲ၊ပြိုင်ပွဲများစွာကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။


ကျောက်တံတား

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)