နတ်မောက်မြို့နယ်၌ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေးဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ်၌ မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေးဟောပြော





နတ်မောက်၊ မတ် ၂၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပြည်သူများ ကျန်းမာသန့်ရှင်းပြီး ဘေးကင်းလုံခြုံသော လူနေမှုပတ်ဝန်းကျင်ဖန်တီးပေးနိုင်စေရန်၊ လုပ်ဆောင်ချက်များအလိုက် ကောင်းကျိုးဆိုးကျိုးများကို သိရှိနားလည်လာပြီး ဆောင်ရန် ရှောင်ရန်များကို နားလည်သဘောပေါက်ရန်နှင့် လိုက်နာကျင့်သုံးနိုင်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဘုန်းတော်ပြည့်ကျေးရွာ ရွာဦးဘုန်းတော်ကြီးတွင်  မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေး ဟောပြောခဲ့သည်။ 

ရှေးဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးဝင်းနိုင်ဦး (မြို့နယ်ဦးစီးမှူး)က  လေထုညစ်ညမ်းမှုဆိုသည်မှာ မိမိတို့ရှူရှိုက်နေကြရသည့်လေများ၊ မသန့်ရှင်းခြင်း၊ ညစ်ပတ်ခြင်းတို့ကြောင့်ဖြစ်ပါကြောင်း၊ အသက်ရှုလိုက်သည့် လေထဲတွင်ဖုန်များ၊ အမှုန့်များပါသည့်အပြင် မွှေးသော နံသော အနံ့အသက်များကလည်း လေထုညစ်ညမ်းခြင်းတစ်မျိုးပင်ဖြစ်ပါကြောင်း၊ သဘာဝအလျှောက် လောင်ကျွမ်းခြင်းနှင့် လူသားတို့၏ လုပ်ဆောင်ချက်များအကြောင့် မီးလောင်ကျွမ်းမှုများဖြစ်ပေါ်စေပြီး  မီးခိုးမြူငွေ့များဖြစ်ပေါ်စေခြင်း၊ အမှိုက်များကို စနစ်တကျ စွန့်ပစ်မှုမရှိခြင်း၊ ခြင်ဆေး၊ အမွှေးတိုင်၊ ရေနံဆီမီးခွက်များ အသုံးပြုခြင်းနှင့် ဆေးလိပ်သောက်သုံးခြင်း၊ မွေးမြူရေးလုပ်ငန်းမှထွက်ရှိသော အညစ်အကြေးများ စနစ်တကျ စွန့်ပစ်မှုမရှိခြင်းတို့ကြောင့် လေထုညစ်ညမ်းမှုများ ဖြစ်ပေါ်လာခြင်းဖြစ်ပါကြောင်း၊ လေထုညစ်ညမ်းမှုအန္တရာယ်ကြောင့် ကမ္ဘာကြီးပူနွေးလာမှုကိုဖြစ်စေခြင်း၊ ရာသီဥတုဖောက်ပြန်ခြင်းများ ကြုံတွေ့နေရပါကြောင်း၊ ဒါကြောင့် လေထုညစ်ညမ်းခြင်းမှ ကာကွယ်ရန်အတွက် အမှိုက်များ၊ စိုက်ပျိုးရေးနှင့် စွန့်ပစ်ပစ္စည်းများ၊ အခြား လယ်ယာစွန့်ပစ်ပစ္စည်းများအား မီးရှို့ခြင်းမပြုရန်နှင့် မီးရှို့၍ အမဲလိုက်ခြင်းများမပြုလိုက်ကြရန် အသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသည့် ကျေးရွာနေပြည်သူများအား မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုလျော့နည်းစေရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြာပွဲသို့ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်လမ်းဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာနနှင့် ကျေးရွာပြည်သူစုစုပေါင်း (၁၀၆)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


မူမူစန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)