စဉ့်ကိုင်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကိုင်မြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

စဉ့်ကိုင်၊ ‌ မတ် ၂၇

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများသည် မြန်မာနိုင်ငံရှိ ကလေးငယ်များအား ကျောင်းနေရွယ်အချိန်တွင် ပြင်ပ လုပ်ငန်းခွင်များ၌ ခိုင်းစေမှုလျော့နည်းပပျောက်စေရေးစသည်တို့ကို ရည်ရွယ်ကာ ကလေးအလုပ် သမား ပပျောက်ရေး အသိပညာပေး ဟောပြောပွဲကို မတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီအချိန်က သင်္ဂတုံကျေးရွာရှိ “ဘဝအလင်းသစ်” စာကြည့်တိုက်၌  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင်  သင်္ဂတုံကျေးရွာ အုပ်ချုပ်ရေးမှူး “ဘဝအလင်းသစ်” စာကြည့်တိုက်ကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဝင်းဝင်းသန်းက ကလေးလုပ်သမား၏ အဓိပ္ပာယ် ဖွင့်ဆိုချက်များ၊ အသက်အရွယ်အပိုင်းအခြားနှင့် အလုပ်အချိန် ကန့်သတ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များနှင့် ဥပဒေများစသည့် အကြောင်းအရာတို့ကို ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများကသိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးမေးမြန်းခဲ့ကြကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်‌ဆံရေးဦးစီးဌာနမှ (အခမဲ့)ထုတ်ဝေသော နှစ်(၈၀)ပြည့်တပ်မတော်နေ့ အထိမ်း အမှတ် သတင်းစကားလက်ကမ်းစာစောင်များကို (အခမဲ့) ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

ဟောပြောပွဲအပြီးတွင် တက်ရောက်လာကြသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြသထားသော အသိပညာပေးနံရံကပ် စာစောင်များအား စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။


ကျော်စွာ (စဉ့်ကိုင်)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)