ပါလက်စတိုင်းတွေအကြောင်းကို မှတ်တမ်းရုပ်ရှင်ရိုက်ပြီး အော်စကာရသွားတဲ့ သူကို အုပ်စုဖွဲ့ရိုက်နှက်မှုဖြစ်ပွား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပါလက်စတိုင်းတွေအကြောင်းကို မှတ်တမ်းရုပ်ရှင်ရိုက်ပြီး အော်စကာရသွားတဲ့ သူကို အုပ်စုဖွဲ့ရိုက်နှက်မှုဖြစ်ပွား


မတ် - ၂၅ ( အင်္ဂါနေ့ ) 

မှတ်တမ်းရုပ်ရှင် 'No Other Land' နဲ့ အော်စကာဆုရ ခဲ့တဲ့ ပါလက်စတိုင်း ပူးတွဲဒါရိုက်တာကို အနောက်ဘက်ကမ်း အခြေချနေထိုင်သူ လူအုပ်ရဲ့ ရိုက်နှက်မှုဖြစ်ပွားခဲ့တာကြောင့် အစ္စရေးရဲတပ်ဖွဲ့က ၎င်းကို ဖမ်းဆီးထိန်းသိမ်းထားကြောင်း မျက်မြင်သက်သေများနှင့် ရုပ်ရှင်ရိုက်ကူးသူတစ်ဦး၏ ပြောကြားချက်အရ သိရပါတယ်။ 

၂၀၂၄ အကောင်းဆုံးမှတ်တမ်း ရုပ်ရှင်ဆုရ “No Other Land “ရုပ်ရှင်သည် ၁၉၆၇ ခုနှစ်ကတည်းက အစ္စရေးတို့ သိမ်းပိုက်ထားသော ဒေသတွင်းရှိ ပါလက်စတိုင်းအသိုက်အဝန်းကို ဖျက်ဆီးခံရခြင်းများကို ပြသထားပါတယ်။ 

ဟမ်ဒန်ဘောလယ် ကို အစ္စရေး အကြမ်းဖက်အုပ်စုတစ်စုက ဝိုင်းရိုက်နှက် နေချိန်မှာ ရဲတွေရောက်လာပြီး သူ့ကို ရဲ့စခန်းကိုခေါ်သွားခဲ့ပါတယ်။ “သူ့မှာ ဦးခေါင်းနဲ့ အစာအိမ်မှာ ဒဏ်ရာတွေရနေပြီး သွေးထွက်နေပါတယ်။ စစ်သားတွေက အတင်းဝင်ရောက်လာပြီး သူကို လူနာတင်ယာဉ် နဲ့ ခေါ်ဆောင်သွားခဲ့တာပါ။ အဲဒီကတည်းက သူ့ကို မတွေ့ရတော့တာပါ” လို့ အစ္စရေးဂျာနယ်လစ်နှင့် တွဲဖက်ဒါရိုက်တာ ယူဗယ် အေဗရာဟင် က တနင်္လာနေ့မှာ ၎င်းရဲ့  Xမီဒီယာ အကောင့် တွင် ရေးသားခဲ့ပါတယ်။ 

နောက်ပိုင်းတွင် သူက ဘောလယ်တစ်ယောက် နှိပ်စက်ခြင်းခံခဲ့ရသော်လည်း အသတ်မခံရဟု ဆိုလိုကြောင်း ရှင်းပြခဲ့ပြီး ရုပ်ရှင်ရိုက်ကူးသူကို ယခုအခါ ရဲစခန်းတွင် ထိန်းသိမ်းထားပြီး ၎င်းရဲ့ရှေ့နေကို ရဲတွေက တွေ့ခွင့်မပေးသေးကြောင်း ရှင်းပြခဲ့ပါတယ်။ 

ဂါဒီယန်း သတင်းဌာန ဖော်ပြချက်အရ အဆိုပါအဖြစ်အပျက်သည် ဟေဘရွန်မြို့တောင်ဘက်ရှိ ဆက်ဆရာ ရွာတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဂျူးအကြမ်းမဖက်ရေးစင်တာမှ ဂျူးအမေရိကန်တက်ကြွလှုပ်ရှားသူငါးဦး ရဲ့ အပြောအရ လက်နက်ကိုင်အခြေချနေထိုင်သူ ၁၅ ဦးခန့်သည် ဘောလယ် ကို ဝိုင်းရံတိုက်ခိုက်ခဲ့ကြောင်း သတင်းတွင်ရေးသားခဲ့ပါတယ်။ “သူတို့က ပါလက်စတိုင်းတွေဆီ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ပြီး ဘောလယ်ရဲ့ အိမ်နားက ရေကန်တစ်ခုကို ဖျက်ဆီးခဲ့တယ်” လို့ အမည်မဖော်လိုသူ မျက်မြင်သက်သေတစ်ဦးမှ ပြောကြားခဲ့ပါတယ်။ 


REF: RT         

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)