မိုးညှင်းမြို့၌ ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း အမှတ်စဉ်(၁/၂၀၂၅)သင်တန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုးညှင်းမြို့၌ ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်း အမှတ်စဉ်(၁/၂၀၂၅)သင်တန်းဖွင့်လှစ်

 





မိုးညှင်း၊ မတ် ၂၄

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပညာရေးနှင့် သင်ပြနည်းပညာဒီပလိုမာသင်တန်း အမှတ်စဉ် (၁/၂၀၂၅) သင်တန်းကို ယနေ့နံနက် (၉) နာရီက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း ရတနာခန်းမ၌ ဖွင့်လှစ်ကျင်းပသည်။

ဦးစွာ သင်တန်းဖွင့်ပွဲတွင် ခရိုင်ပညာရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်က ယခုပညာသင်နှစ်တွင် ပညာရေးနှင့် သင်ပြနည်းပညာ ဒီပလိုမာသင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ အမှာစကားပြောကြားပြီး ခရိုင်ပညာရေးမှူး ဦးမွန်ကျော်မြင့်က သင်တန်းဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ သင်တန်းဆရာ ဆရာမများအနေဖြင့် သန်တန်းမှ ရရှိလာသော ဘာသာရပ်အလိုက် သင်ကြားသင်ယူမှု လုပ်ငန်းများနှင့် သင်ပြနည်းပညာများကို မိမိတို့၏ သင်ကြားမှုအရည်အသွေးများနှင့်ပေါင်းစပ်ပြီး ကျောင်းသားကျောင်းသူများ၏ ပညာရေး အရည်အသွေးများကို ပိုမိုတောက်ပလာအောင် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ သင်တန်းမှူးများနှင့် အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြပြီးနောက် သင်တန်းခန်းများတွင် ဆရာဆရာမများ သင်တန်းပို့ချပေးနေမှု အခြေအနေများကို လှည့်လည်ကြည်ရှုအားပေးခဲ့ကြကြောင်းသိရသည်။

အဆိုပါ ဒီပလိုမာသင်တန်းကို မိုးညှင်းခရိုင်အတွင်းရှိ မြို့နယ်သုံးမြို့နယ်မှ မူလတန်းအဆင့် သင်တန်းဆရာ ဆရာမများဖြစ်ကြသည့် မိုးညှင်းမြို့နယ်တွင် (၁၄၀) ဦး၊ မိုးကောင်းမြို့နယ်တွင် (၈၇) ဦး၊ ဖားကန့်မြို့နယ်တွင် (၇၇) ဦးနှင့် အခြားခရိုင်များမှတွဲဖက် သင်တန်းဆရာဆရာမ (၁၆) ဦး စုစုပေါင်းသင်တန်းဆရာဆရာမ (၃၂၀) ဦးအား မတ်လ (၂၄) ရက်မှ မေလ (၃၀) ရက်ထိ သင်တန်းဖွင့်လှစ် ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


ရွှေမိုးညှင်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)