မကွေးတိုင်းဒေသကြီး၊ မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးတွင် လာရောက်ဖူးမြော်ကြသည့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများအား မတ်လ (၁၈) မှ (၁၉) ရက်နေ့ညများတွင် ဇာတ်သဘင်ဖြင့် အခမဲ့ ကပြဖျော်ဖြေသွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး၊ မန်းရွှေစက်တော်ဘုရားပွဲတော်ကြီးတွင် လာရောက်ဖူးမြော်ကြသည့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာပြည်သူများအား မတ်လ (၁၈) မှ (၁၉) ရက်နေ့ညများတွင် ဇာတ်သဘင်ဖြင့် အခမဲ့ ကပြဖျော်ဖြေသွားမည်






မင်းဘူး၊ မတ်၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ၊ မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကြီးတွင် နိုင်ငံကျော်အနုပညာရှင်များက အငြိမ့်သဘင်များ၊ တေးဂီတ ဖျော်ဖြေပွဲများဖြင့် မတ်လ ၁၈ ရက်နှင့် ၁၉ ရက်နေ့များတွင် နှစ်ညတိုင်တိုင် ဖျော်ဖြေတင်ဆက်ပေးသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ထို့သို့ဖျော်ဖြေတင်ဆက်ရာတွင် “မင်းထွေး” ဇတ်ပွဲသဘင်အဖွဲ့မှ ဦးဆောင်ပြီး မန်းရွှေစက်တော်ရာ ဘုရားပွဲတော်ကာလ တပေါင်းပွဲတော်ညအဖြစ် အငြိမ့် ဇတ်မင်းသား/မင်းသမီးများ ဖြစ်ကြသော မင်း‌ထွေး၊ ချောသိင်္ဂီချစ်စု(ကျောက်ပန်းတောင်း)၊ မေဘိုဘို၊ တေသံရှင်များဖြစ်ကြသော ချောကလက်၊ သူရိန်စိုး (လွှမ်းမိုးအလွမ်းပြေ)၊ နိုင်ငံကျော်ဟာသ(လူရွှင်တော်)အနုပညာရှင်များ ဖြစ်ကြသော စိန်ခဲ၊ ကံပွင့်၊ အောင်ဟိန်း၊ လန်းလန်း တို့နှင့်အတူ ရွှေခိုင်ဇော် မင်္ဂလာဆိုင်းတို့ဖြင့် တွဲဖက်၍ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး၊ အပန်းဖြေလာရောက်ကြသူများအား မန်းရွှေစက်တော် ဘုရားပွဲတော် အထူးတံတားမုဒ်ဦးအနီးရှိ စတိတ်စင်မြင့်တွင် မတ်လ ၁၈ ရက်နှင့် ၁၉ ရက်နေ့ (တပေါင်းလပြည့်ကျော် ၄ ရက်နှင့် ၅ ရက်နေ့)ညများတွင် နှစ်ညတိုင်တိုင် အခမဲ့ ဧည့်ခံဖျော်ဖြေ တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးအေးကိုက ပြောသည်။

မန်းရွှေစက်တော်ဘုရားကြီးသည် မြန်မာနိုင်ငံ၏ (က)အဆင့်စာရင်းဝင် တန်ခိုးကြီးဘုရား ဖြစ်သည်နှင့်အညီ ထင်ရှားကျော်ကြားကာ မြန်မာနိုင်ငံအတွင်း၌  ရက်အရှည်ကြာဆုံးသော ဘုရားပွဲတော်ကြီးတစ်ခုဖြစ်ကြောင်း၊ ယခုနှစ် မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကြီးကို ဖေဖော်ဝါရီလ ၂ ရက်မှ ဧပြီလ ၁၇ ရက်နေ့အထိ မဟာသင်္ကြန် ရုံးပိတ်ရက်အပါအဝင် (တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက် နေ့ထိ) ရက်ပေါင်း (၇၅)ရက်ကြာ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိသည်။

မန်းရွှေစက်တော်ဘုရားကြီးတွင် မြန်မာတို့၏ အထွဋ်အမြတ်ထားရာ တပေါင်းလပြည့် အခါသမရ အစိုးရရုံးပိတ်ရက်(၅)ရက်အပါအဝင် ဘုရားပွဲတော်စတင်ကျင်းပသည့်နေမှစ၍ ယနေ့အထိ ဘုရားဖူး ရဟန်းရှင်လူ ခရီးသွားပြည်သူပေါင်း ၁၅၃၆၃ ဦးနှင့် မော်တော်ယာဉ် အစီးရေပေါင်း ၃၁၀၀ ကျော် လာရောက်ခဲ့ကြောင်း၊ မန်းရွှေစက်တော် ပွဲတော်ကျင်းပစဉ် ကာလတစ်လျောက် တပေါင်းလ အပြင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုပြီးချိန်(အခြေခံကျောင်းများဖြေဆိုပြီးချိန်)နှင့် မဟာသင်္ကြန် ရုံးပိတ်ရက်ကာလများတွင်း နှစ်စဉ်နှစ်တိုင်း အထူးစည်ကားလေ့ရှိကြောင်း သိရသည်။


မောင်မောင်(မင်းဘူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)