ထားဝယ် , မတ် ၁၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မီးသတ်ဦးစီးဌာနမှ မီးလောင်မှုမဖြစ်ပွားစေရေး၊ မီးလန့်မှုများ မဖြစ်ပွားစေရေးနှင့် မီးဘေးအန္တရာယ် တားဆီးကာကွယ်နိုင်စေရန်ရည်ရွယ်၍ မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး သရုပ်ပြလေ့ကျင့်မှုများကို ယမန်နေ့ နံနက်ပိုင်းက ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ခရိုင်မီးသတ်ဦးစီးဌာနတပ်ဖွဲ့ဝင်များက မီးလောင်မှုဖြစ်ပွားရခြင်း၏ အကြောင်းအရင်းများ၊ မီးလောင်မှုဖြစ်ပွားနိုင်သည့် အခြေအနေများ၊ မီးဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် လိုက်နာရမည့် အချက်များနှင့် ရှောင်ကြဉ်ရမည့်အချက်များကို အသိပညာပေး ဟောပြောပြီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မီးဘေးအန္တရာယ်လုံခြုံရေးအတွက် ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ မီးသတ်ဦးစီးတပ်ဖွဲ့ဝင်များက DCP မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ခြင်း၊ အောက်ဆီဂျင်ဖြတ်တောက်သည့် နည်းစနစ်ဖြင့် ဖုံးအုပ်မီးငြှိမ်းသတ်ခြင်း၊ ရေစိုအဝတ်များအား အသုံးပြု၍ မီးငြှိမ်းသတ်နည်း၊ လောင်စာဆီကြောင့် လောင်ကျွမ်းသော မီးအားငြှိမ်းသတ်နည်းနှင့် ကြိုတင်ကာကွယ်ရမည့် နည်းစနစ်များစသည့်တို့ကို လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးဝန်ထမ်းများက လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment