ရွှေဗိုလ်ထိုင် ခိုးမှုနဲ့ လူ ၃ဦးကို ပြစ်ဒဏ်ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဗိုလ်ထိုင် ခိုးမှုနဲ့ လူ ၃ဦးကို ပြစ်ဒဏ်ချ


မတ်- ၂၀ ( ကြာသပတေးနေ့) 

အင်္ဂလိပ်ပြတိုက်တစ်ခုမှ ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ရွှေဗိုလ်ထိုင် တစ်လုံးကို ခိုးယူမှုဖြင့် အမျိုးသားသုံးဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။  အောက်စဖို့ဒ် ကရောင်းတရားရုံးမှ ဂျူရီလူကြီးများသည် ဂျိမ်းရှန ၊ မိုက်ကယ်ဂျူန်း နဲ့ ဖရက်ဒရစ် ဒိုး တို့အား ၂၀၁၉တုန်းက ဘလန်နမ် နန်းတော်တွင် ဖောက်ထွင်းမှု ကျူးလွန်ခဲ့တယ်လို့ အင်္ဂါနေ့ က အမိန့်ချခဲ့ပါတယ်။ 

လုပ်ငန်းအပြည့်အဝလုပ်ဆောင်နိုင်တဲ့ ရွေသား ၁၈ ကာရက်အိမ်သာကို အီတလီအနုပညာရှင် မူရီဇီယိုကတ်တယ်လန် က ဖန်တီးခဲ့ခြင်းဖြစ်ပါတယ်။ နယူးယောက်ခ် ဆော်လမွန် ပြတိုက်အဆိုအရ အဲ့ဒိဘိုထိုင်ကို အမေရိကား လို့ အမည်ပေးထားပါတယ်။ အဆိုပါ အနုပညာလက်ရာသည် “အနုပညာဈေးကွက်၏ လွန်ကဲမှုကို အရိပ်အမြွက်ပြသပေးသည်သာမက အားလုံးအတွက် အမေရိကန်အိပ်မက်ကို စိတ်ကူးယဉ်စေတယ်” လို့ဆိုပါတယ်။  

အဲ့ဒိ ရွှေဗိုလ်ထိုင် ကို ပြတိုက်မှာ ၂၀၁၆ ခုနှစ်က ပထမဆုံးတပ်ဆင်ပြီးနောက် အိမ်သာအသုံးပြုရန် လူပေါင်း ၁သိန်းကျော် တန်းစီနေခဲ့ကြောင်း ပြတိုက် က ဆိုပါတယ်။  အဲ့ဒိရွှေဗိုလ်ထိုင် က အမေရိကားကနေ ၂၀၁၇ မှာ ထွက်သွားခဲ့ရပြီး အောက်စဖိုဒ့်ရှိုင်းယား က ဘလန်နမ် နန်းတော်မှာ ပြသခဲ့တာပါ။ သူခိုးတွေက မနက်စောစော နန်းတော်ထဲကို ဝင်ပြီး အိမ်သာကို ဖျက်ဆီးပစ်လိုက်ပါတယ်။ ဓါးပြတိုက်မှုတွင် လူငါးဦး ပါဝင်ခဲ့ပါတယ်။ အစိုးရရှေ့နေ တစ်ယောက်ရဲ့ အဆိုအရ အဲ့ဒိရွှေဗိုလ်ထိုင် ကို သူခိုးတွေက အရည်ကျိုပြီးရောင်း လိုက်လို့ ပြန်မရပါဘူး လို့ သိရပါတယ်။ 


REF: RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)