ရွှေတောင်၊ မတ် ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ၊ယွန်းတန်းရပ်ကွက်၊ ( အမက) သဲတန်းကျောင်းတွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ ယဥ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် ရွှေတောင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ ဒေါ်နန်းမြအေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များမှ ကျောင်းသား ၊ကျောင်းသူလေးများ ကို အသိအလိမ္မာများ ရရှိစေရေး ( ၃၈) ဖြာမင်္ဂလာ ကဗျာများ၊ဗုဒ္ဓဝင်အကျဉ်းများ
သင်ကြားပေးခဲ့ပြီး အာဟာရအဖြစ် ပဲနို့နှင့် မုန့်များနှင့်ဗလာစာအုပ် ၊ ဘောလ်ပင်များ ဝေငှပေးခဲ့သည်။
အဆိုပါ သင်တန်း တစ်ရက်တာဖွင့်လှစ်ခဲ့ပြီးကျောင်းသား ၊ကျောင်းသူ ( ၃၀) ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment