တံတားဦ၊ မတ် ၂၀
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုဖြစ်ပွားရာမှ ယာဉ်ပေါ်၌လိုက်ပါစီးနင်းလာသော ခရီးသည် ၉ ဦးမှာ ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာမတ်လ ၂၀ ရက်နေ့ နံနက် ၄း၄၀ အချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၄၆/၀ တံတားဦးမြို့နယ်(ကန်ချောကျေးရွာ)အနီး ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကြောင်းသတင်းအရ အမြန်လမ်းရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များမှ အခင်းဖြစ်နေရာသို့သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်ဘက်သို့ မန္တလေးဘက်သို့ ယာဉ်မောင်း ကျော်ဇေယျာလွင်၊ အောင်ချမ်းသာရပ်ကွက်၊ ရေဦးမြို့နေသူမောင်းနှင်ပြီး ယာဉ်ပေါ်တွင် ယာဉ်မောင်း(၂)ဦး၊ ယာဉ်နောက်လိုက် (၃)ဦး၊ ခရီးသည်ကျား(၃) ၊ မ(၁၈)ဦး ပေါင်း (၂၆)ဦးစီးနင်းလိုက်ပါလာသော ယာဉ်အမှတ် YGN-3 1R/...... YUOTONG EXPRESS ဖြူဝါနီရောင်ယာဉ်သည် မိုင်တိုင်အမှတ် ၃၄၀/၆ အရောက်တွင် ယာဉ်မောင်း အိပ်ငိုက်ပြီး အရှိန်မထိန်းနိုင်ပဲ လမ်းလယ် ကျွန်းအား ဝင်ရောက်တိုက်မိခဲ့ရာမှ ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်ကြောင့် ယာဉ်ပေါ်တွင်လိုက်ပါလာသူ ကျား(၁)၊ မ(၈)တွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်၏ ရှေ့လေကာမှန်နှင့် ယာဘက်ခြမ်းလေကာမှန်များကွဲ၊ ဝဲ/ယာဘီးများပြုတ်ထွက် ပျက်စီးဆုံးရှုံးခဲ့ပြီး ယာဉ်တိုက်မှုကြောင့် လမ်းလယ်ကျွန်းရှိ ဘယ်ရီယာအတားအဆီးတုံး(၂၂)တုံးပျက်စီးခဲ့ကြောင်းသိရသည်။
အမြန်လမ်းမကြီးတွင် ယာဉ်မတော်တဆမှုဖြစ်ပွားများလျော့နည်းစေရေးနှင့် ယာဉ်မတော်တဆမှုများဖြစ်ပွားပါက အချိန်နှင့်တပြေးညီကူညီကယ်ဆယ်နိုင်ရေးအတွက် အမြန်လမ်းမကြီးရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ကူညီကယ်ဆယ် ဆောင်ရွက်လျှက်ရှိသည်။
ဖြိုးကိုလင်း(ညောင်ဝိုင်း)
https://t.me/MyanmarNationalPost







No comments:
Post a Comment