ရန်ကုန်၊ မတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ နိုင်ငံ့၀န်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၊ စစ်ရေးပြကွင်းတွင် ယမန်နေ့နံနက် ၈ နာရီခွဲအချိန်၌ စာရေးဝန်ထမ်းသင်တန်းအမှတ်စဉ်(၂၁၃) သင်တန်းဆင်းပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းဆင်းတပ်ခွဲက ပါမောက္ခချုပ်အား အလေးပြုခဲ့ပြီး ဆက်လက်၍ နိုင်ငံတော်အလံအား အလေးပြုကြသည်။
ပါမောက္ခချုပ်က သင်တန်းသားစံပြဆုကို သင်တန်းသားအမှတ်-၃၂၆၊ ဦးဇင်ကိုကို၊ လက်ထောက်ကွန်ပျူတာလုပ်ဆောင်ရေးမှူး၊ မအူပင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့အားလည်းကောင်း၊ သင်တန်းသူစံပြဆုကို သင်တန်းသူအမှတ်-၁၆၀၊ ဒေါ်စမ်းပပအောင်၊ အငယ်တန်းစာရေး၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန အားလည်းကောင်း၊ သေနတ်ပစ်ထူးချွန်ဆု၊ စစ်ရေးပြထူးချွန်ဆုရရှိသူများနှင့် သင်တန်းဆင်းအောင် လက်မှတ်များကိုလည်းကောင်း ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းမိန့်ခွန်းပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းတစ်ဦးအနေနဲ့ မိမိတာဝန်ယူဆောင်ရွက်ရတဲ့ လုပ်ငန်းတာဝန်များကို အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ခြင်း၊ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိအောင်ဆောင်ရွက်ခြင်း၊ အခက်အခဲဟူသမျှ ရင်ဆိုင်ကျော်လွှားနိုင်အောင် ဆောင်ရွက်နိုင်ခြင်း စသည့်အရည်အချင်းများနှင့် ပြည့်မီအောင်လည်း ကြိုးစားလုပ်ဆောင်သွားကြရမှာဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ မိမိတို့ထမ်းဆောင်ရမည့် တာဝန်၊ စောင့်ထိန်းရမည့်ကျင့်ဝတ်၊ လိုက်နာရမည့်စည်းကမ်းများအပြင် နိုင်ငံ့ဝန်ထမ်းကျင့်ဝတ် အပါး(၃၀)ကို သိရှိနားလည်ပြီး နိုင်ငံတော်က ပေးအပ်လာသည့် တာဝန်များကို ကျေပွန်စွာလုပ်ဆောင်သွားကြရမှာဖြစ်ကြောင်း ပြောကြားာင်း ပြောကြားင်ခဲ့သည်။
ယင်းသင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူး/ ပါမောက္ခများ၊ သင်ကြားစီမံဌာနများမှ တာဝန်ရှိသူများနှင့် သင်တန်းသား (၁၃၄)ဦး သင်တန်းသူ (၂၃၁)ဦး စုစုပေါင်း (၃၆၅)ဦးတို့ တက်ရောက်ကြောင်းနှင့် သင်တန်းကာလမှာ ၆-၁-၂၀၂၅ ရက်နေ့မှ ၁၉-၃-၂၀၂၅ ရက်နေ့ထိ ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။
အောင်မြင့်
https://t.me/MyanmarNationalPost


No comments:
Post a Comment