တာမွေ၊ မတ် ၂၀
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်၌ ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို ၂၀၂၅-ခုနှစ် မတ်လ(၁၇)ရက်နေ့မှ မတ်လ(၂၂)ရက်နေ့အထိ ကျင်းပလျက်ရှိရာ ယနေ့စတုတ္ထနေ့အဖြစ် ဓာတုဗေဒဘာသာရပ်ကို တာမွေ မြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း စာစစ် ဌာန(၂)ခု တို့တွင် ဆက်လက်ကျင်းပလျက်ရှိပြီး ကျောင်းသား/သူများ စိတ်အေးချမ်းပျော်ရွှင်စွာ ဆက်လက်ဝင်ရောက် ဖြေဆိုလျက်ရှိ ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။
အဆိုပါ တာမွေမြို့နယ်ရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေမှု အခြေအနေများအား ရန်ကုန်တိုင်း ဒေသသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးလွင်နှင့်အဖွဲ့ ဝင်များ၊ သင်္ဃန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါက်တာငြိမ်းသီအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဝင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ကျောင်းသား/သူများ၏ မိဘအုပ်ထိန်းသူများနှင့်လည်း တွေ့ဆုံ၍ ရင်းရင်းနှီးနှီး အားပေးစကား ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်တွင် ၂၀၂၅-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပနေစဉ် ကာလအတွင်း ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်စေရေး၊ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းဝေးစေရေး အတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များက လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost








No comments:
Post a Comment