မတ် - ၂၀ ( ဗုဒ္ဓဟူးနေ့ )
အပစ်ရပ်စဲရေးနဲ့ အကျဉ်းသားလဲလှယ်ရေး ကိစ္စပျက်ပြယ်သွားပြီးနောက် အစ္စရေးက ဂါဇာမှာရှိတဲ့ ဟားမတ် အကြမ်းဖက်လက်နက်ကိုင်တွေနေထိုင် နေတယ်လို့ သံသယရှိတဲ့ နေရာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်လာပါတယ်။ တိုက်ခိုက်မှု လုပ်ပြီး ၂ ရက်အတွင်းမှာပဲ ဂါဇာမှာရှိတဲ့ အရပ်သား ၄၀၀ ကျော် သေဆုံး သွားခဲ့ပါတယ်။ အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံအနေနဲ့ စိတ်ပူမိကြောင်း ဆိုပါတယ်။ သေဆုံးသွားသူတွေ ထဲမှာ ကုလသမဂ္ဂ ဝန်ထမ်း ၂ ဦးလည်းပါပါတယ်။ အစ္စရေးလေကြောင်းတိုက်ခိုက်မှုကြောင့် ကုလသမဂ္ဂအဆောက်အအုံ ထိခိုက်သွားပြီး ဝန်ထမ်း ၂ဦး ပါသွားတာပဲ ဖြစ်ပါတယ်။
“ဂါဇာမှာဖြစ်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကျနော်တို့ အရမ်းစိတ်ပူနေပါတယ်။ ဖမ်းထားတဲ့ ဓားစားခံတွေ အကုန်ပြန်လွှတ်ပေးဖို့ကလည်း အရေးကြီးပါတယ်။ ကျနော်တို့ ဂါဇာမှာရှိတဲ့ ပြည်သူတွေကို လူသားချင်း ငဲ့ညှာထောက်ထားတဲ့ ထောက်ပံ့ပေးဖို့ အစီအစဉ်တွေ အတွက်လည်း တောင်းဆိုထားတာရှိပါတယ် “ လို့ အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
REF: MEA
https://t.me/MyanmarNationalPost

No comments:
Post a Comment