ပေါင်မြို့နယ်တွင်၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း(Grade-12) စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒ/ပထဝီဝင်ဘာသာရပ် အေးချမ်းစွာဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်တွင်၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်း(Grade-12) စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒ/ပထဝီဝင်ဘာသာရပ် အေးချမ်းစွာဖြေဆို





ပေါင်၊ မတ် ၂၀

မွန်ပြည်နယ်၊  ပေါင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း(Grade-12) စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒ/ပထဝီဝင်ဘာသာရပ်ကို ယနေ့ နံနက် (၉) နာရီက စာစစ်ဌာန(၃)ခုတို့၌ ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုခဲ့ကြ‌ကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပသည့် စာစစ်ဌာန သုံးခုရှိပြီး (အထက)ပေါင်၊ (အထက)ဇင်းကျိုက် နှင့် (အထက)မုတ္တမတို့တွင် စုစုပေါင်းဖြေဆိုရန်စာရင်းသွင်းထားသူပေါင်း (၆၈၈) ဦးရှိသည့်အနက်၊ လာရောက်ဖြေဆိုသူ(၆၄၇) ဦး၊ ပျက်ကွက်သူ (၄၁) ဦးရှိကြောင်း ကျောင်းသားကျောင်းသူများ လုံခြုံအေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနအသီးသီးတို့၌ တာဝန်ရှိသူများက ကြပ်မတ်ကူညီ ဆောင်ရွက်ပေး‌လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


မွန်မလေး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)