ပေါင်၊ မတ် ၂၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း(Grade-12) စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒ/ပထဝီဝင်ဘာသာရပ်ကို ယနေ့ နံနက် (၉) နာရီက စာစစ်ဌာန(၃)ခုတို့၌ ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုခဲ့ကြကြောင်း သိရသည်။
ပေါင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကျင်းပသည့် စာစစ်ဌာန သုံးခုရှိပြီး (အထက)ပေါင်၊ (အထက)ဇင်းကျိုက် နှင့် (အထက)မုတ္တမတို့တွင် စုစုပေါင်းဖြေဆိုရန်စာရင်းသွင်းထားသူပေါင်း (၆၈၈) ဦးရှိသည့်အနက်၊ လာရောက်ဖြေဆိုသူ(၆၄၇) ဦး၊ ပျက်ကွက်သူ (၄၁) ဦးရှိကြောင်း ကျောင်းသားကျောင်းသူများ လုံခြုံအေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနအသီးသီးတို့၌ တာဝန်ရှိသူများက ကြပ်မတ်ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မွန်မလေး
https://t.me/MyanmarNationalPost




No comments:
Post a Comment