စလင်းမြို့နယ်တွင် မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားမှုသနပ်ခါးလိမ်းခြယ်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်တွင် မြန်မာ့သနပ်ခါးနေ့ လှုပ်ရှားမှုသနပ်ခါးလိမ်းခြယ်ပွဲ ကျင်းပ





စလင်း၊ မတ် ၂၅

မကွေးတိုင်းဒေသကြီး  မင်းဘူးခရိုင် စလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် အမျိုးသမီးရေးရာအဖွဲ့  မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ မြန်မာ့ရိုးရာသနပ်ခါးနေ့ လှုပ်ရှားမှုတစ်ရပ်အနေဖြင့် သနပ်ခါးလိမ်းခြယ်ပွဲကို ယနေ့နံနက်(၉)နာရီ ၃၀ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်၌  ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ  မြန်မာ့ရိုးရာသနပ်ခါးယဉ်ကျေးမှု  သနပ်ခါးလိမ်းခြယ်ပွဲတွင်  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မာမာဆွေက မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြယ်မှုနှင့်ပတ်သက်၍ မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြယ်ခြင်းဖြင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြယ်ပွဲအား  ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း  ရည်ရွယ်ချက်များကို  ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြန်မာ့သနပ်ခါးမှာ လူသားမျိုးနွယ်ကိုယ်စားပြု ဒြပ်မဲ့ယဉ်ကျေးမှု  အမွေအနှစ်ဖြစ်သည့်  မြန်မာ့သနပ်ခါး၏ ယဉ်ကျေးမှုဓလေ့အကြောင်း  မြန်မာ့သနပ်ခါးကို လိမ်းခြယ်အသုံးပြုရသည့် နည်းစနစ်များနှင့် သနပ်ခါးလိမ်းခြယ်ခြင်းမှရရှိလာသည့် ကျန်းမာရေးဗဟုသုတများ၊ မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို  ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတင်သွင်းနိုင်ရေး  ဆောင်ရွက်နေသည့်အခြေအနေများ  မြန်မာ့သနပ်ခါးယဉ်ကျေးမှုဓလေ့ကို  UNESO အသိအမှတ်ပြုစာရင်း တင်သွင်းခြင်းအားဖြင့်  ရရှိလာမည့် အကျိုးကျေးဇူးများ မြန်မာ့သနပ်ခါးယဥ်ကျေးမှုဓလေ့ ရေရှည်တည်တံ့စေရန်နှင့်  ထိန်းသိမ်းစောင့်ရှောက်ရမည့် အကြောင်းအရာများကို  အကျယ်တဝံ့ ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် မြန်မာ့ရိုးရာသနပ်ခါးလိမ်းခြယ်မှုနှင့်ပတ်သက်၍ အသိပညာပေးပြောကြားခဲ့ကာ  တက်ရောက်လာကြသည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ စာရေးဝန်ထမ်းများ  အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လိမ်းခြယ်ခြင်းများဖြင့်  မြန်မာ့သနပ်ခါးနေ့လှုပ်ရှားမှုတစ်ရပ်အနေ့ဖြင့် လိမ်းခြယ်ပွဲအား ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။


မောင်လွင်(စလင်း)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)