မော်လမြိုင်ကျွန်းမြို့နယ်၌ ‌နွေစပါးစံကွက် ရိတ်သိမ်းပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မော်လမြိုင်ကျွန်းမြို့နယ်၌ ‌နွေစပါးစံကွက် ရိတ်သိမ်းပွဲအခမ်းအနားကျင်းပ

 





မော်လမြိုင်ကျွန်း၊ မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်တွင် နွေစပါးစံကွက်ရိတ်သိမ်းပွဲကို မတ်လ (၂၄) ရက်နေ့ နံနက် (၁၀) နာရီတွင် သစ်တိုဆိပ်ကျေးရွာ၊ တောင်သူဦးမျိုးမင်းဇင်၏ ကွင်းအမှတ် (၁၁၉၁)၊ ဦးပိုင်အမှတ် (N/ ၇) လယ်ဧကပေါ်တွင် စိုက်ပျိုးထား‌သော စိုက်ကွက် (၁၀) ဧကတွင်‌ နယူးဧရာ -11 စပါးအမျိုးအစားအား ရိတ်သိမ်းခဲ့ကြောင်း ရသည်။

နွေစပါးစံကွက်ရိတ်သိမ်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမောင်မောင်သွင်၊ မြို့နယ်စီမံကိန်းဦးစီးဌာန လက်ထောက်ညွှန့်ကြားရေးမှူး ဒေါ်မာမာစန်း၊ မြေစာရင်းဦးစီးဌာနမှဦးစီးအရာရှိ‌ဦးဇော်ဝင်းလှိုင်၊ စိုက်တိုးမြှင့်အဖွဲ့များ၊ သစ်တိုဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် တောင်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။

နွေစပါးစံကွက်ရိတ်သိမ်းပွဲတွင် နယူးဧရာ -11 စပါးအမျိုးအစားမှာ ဧည့်မထအမျိုးအစားဖြစ်ပြီး ဆန်ရည်ဆန်သား ကြည်လင်ခြင်း၊ စားသုံးမှုအဆင့် ကောင်းမွန်ခြင်း၊ အလင်းရောင်တုန့်ပြန်မှု မရှိခြင်း၊ တစ်နှံပါသီးလုံးများခြင်း၊ ပင်စည်တောင့်တင်၍ ယိုင်လဲမှုမရှိခြင်း၊ ရွက်ခြောက်ရောဂါဒဏ်ခံနိုင်ရည်ရှိခြင်း စသည့်အရည်အသွေးများရှိပြီး (၁) ဧကလျှင်အစိုထွက်နှုန်း (၂၃၃) တင်းအခြောက်ထွက်နှုန်း (၁) ဧကလျှင် (၂၁၀) တင်းထွက်ရှိကြောင်း သိရသည်။


ရဲကိုမောင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)