ကျွန်းလှ၊ မတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာအလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်းကို ယမန်နေ့က အခြေခံပညာအထက်တန်းကျောင်း (ကျွန်းလှ) ၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
“အခြေခံပညာ အလယ်တန်းပြ၊ မူလတန်းပြ ဆရာ၊ ဆရာမများ ဘာသာရပ်အလိုက် သင်ကြားမှု သင်ယူမှု စွမ်းရည်မြှင့်မားစေပြီး နှီးနှောဖလှယ်ခြင်း၊ အသိပညာအတတ်ပညာများမျှဝေခြင်းနဲ့ ဆွေးနွေးအဖြေရှာတတ်စေရန်အတွက် သင်တန်းဖွင့်လှစ်ခြင်းဖြစ်ပါတယ်” ဟု မြို့နယ်ပညာရေးမှူး ဦးမြင့်လွင်က ပြောသည်။
အဆိုပါ သင်တန်းသို့ အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် နည်းပြ (၆) ဦး သင်တန်းသား (၆၃) ဦး၊ မူလတန်းအဆင့် နည်းပြ (၈) ဦး၊ သင်တန်းသား (၁၁၄) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မတ် ၂၄ ရက်မှ ၂၈ ရက်နေ့ထိဖြစ်ကြောင်း သိရသည်။
မျိုးဝင်းညို ကျွန်းလှ
Join - https://t.me/MyanmarNationalPost


No comments:
Post a Comment