ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သနပ်ခါးအလှမယ်ပြိုင်ပွဲ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် သနပ်ခါးအလှမယ်ပြိုင်ပွဲ ပြုလုပ်








ပေါင်၊ မတ် ၁၀

မွန်ပြည်နယ်၊ပေါင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်သနပ်ခါးအလှမယ်ပြိုင်ပွဲကို (အထက)ပေါင် ရွှေရတုခန်းမ၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ရှေးဦးစွာသနပ်ခါးအလှမယ်ပြိုင်ပွဲကို မောင့်ချစ်သူသနပ်ခါးသီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး ပြိုင်ပွဲဝင်များမှ တစ်ဦးချင်းမိတ်ဆက်ခြင်းနှင့် စင်တစ်ပတ်ကိုယ်ဟန်ပြလှည့်လည်ခြင်းများပြသခဲ့သည်။ ဆက်လက်၍ သနပ်ခါးအလှမယ်များမှ တစ်ဦးချင်းစီအလိုက် စိတ်ကြိုက်ကိုယ်ဟန်ပြကွက်(၃)ကွက်ဖြင့် ပါဝင်ယှဉ်ပြိုင်ခြင်း၊ ပြိုင်ပွဲဝင်အလှမယ်များမှ သနပ်ခါးနှင့်ပက်သက်သည့် တေးသီချင်းသီဆိုခြင်း၊ ကပြခြင်း၊ တေးသရုပ်ဖော်တို့ဖြင့် တစ်ဦးချင်းယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲဝင်အလှမယ်များမှ ဗဟုသုတကြွယ်ဝမှုနှင့်ပတ်သက်၍ ဆန်းစစ်ခြင်းများပြုလုပ်သည်။ 

ဆက်လက်၍ တာဝန်ရှိသူများကဆုချီးမြှင့်ရာ  အထက ဇင်းကျိုက် ကျောင်းမှ မလင်းမို့မို့ထွန်း က ပထမ ဆု ငွေကျပ် (၁၀၀၀၀၀/-)ကိုလည်းကောင်း၊ အထက ကျွဲခြံကျောင်းမှ မယွန်းနဒီမောင် က ဒုတိယဆု ငွေကျပ် (၇၀၀၀၀/-)ကိုလည်းကောင်း ၊ အထက ဇင်းကျိုက် ကျောင်းမှ မချစ်လွန်းချို ကတတိယဆု ငွေကျပ် (၅၀၀၀၀/-) ကိုလည်းကောင်း ပေးအပ်ချီးမြှင့်ခဲ့သည်။ ပထမ ဆု နှင့် ဒုတိယဆု ချီးမြှင့်ရရှိသူနှစ်ဦးသည် မတ်လ (၁၉)ရက်နေ့တွင်ကျရောက်မည့် မွန်ပြည်နယ်နေ့တွင် ဆက်လက်ပြိုင်ပွဲဝင်သွားမည်ဖြစ်သည်။

အဆိုပါ သနပ်ခါးအလှမယ်ပြိုင်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အတွင်းရှိ အထကကျောင်းများမှ ဆရာမများ၊ ရပ်ကွက်ကျေးရွာ ပြိုင်ပွဲဝင်များ တက်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။


မွန်မလေး 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)