ဘားအံမြို့နယ်တွင် အခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်၍ သင်ကြားတတ်မြောက်မှု ဆန်းစစ်ချက်ပြိုင်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘားအံမြို့နယ်တွင် အခြေခံကွန်ပျူတာသင်တန်းဖွင့်လှစ်၍ သင်ကြားတတ်မြောက်မှု ဆန်းစစ်ချက်ပြိုင်ပွဲပြုလုပ်




ဘားအံ၊ မတ် ၂၇

ကျောင်းသား/ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အခြေခံကွန်ပျူတာပညာကို အလွယ်တကူ လေ့လာသင်ကြားနိုင်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကွန်ပျူတာတက္ကသိုလ်(ဘားအံ)တို့ပူးပေါင်း၍ အခြေခံကွန်ပျူတာသင်တန်း(၁/၂၀၂၅)ကို ဖွင့်လှစ်သင်ကြားပေးပြီး သင်ကြားတက်ရောက်မှု ဆန်းစစ်ချက် ဖြေဆိုပြိုင်ပွဲကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆန်းစစ်ချက်ဖြေဆိုပြိုင်ပွဲတွင် ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက ဆန်းစစ်ချက်ဖြေဆိုပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများအကြောင်းကို ရှင်းလင်းပြောကြားပြီး ကွန်ပျူတာတက္ကသိုလ်(ဘားအံ)မှ ဒေါ်ခက်ခက်ဝင်း (ကထိက) က အမှတ်ပေးစည်းမျဉ်းများအကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါ ဆန်းစစ်ချက်ဖြေဆိုပြိုင်ပွဲတွင် သင်တန်းသား၊ သင်တန်းသူ (၃၈) ဦး တက်ရောက်ဖြေဆိုခဲ့ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆု၊ အထူးဆုများကို ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


ခရိုင်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)