အမေရိကန်အစိုးရသစ်၏ ပြည်နှင်ဒဏ်နှင့် ငြိစွန်းသူ ၂ဦး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမေရိကန်အစိုးရသစ်၏ ပြည်နှင်ဒဏ်နှင့် ငြိစွန်းသူ ၂ဦး မြန်မာနိုင်ငံကို ပြန်လည်ရောက်ရှိလာမည်


ရန်ကုန်၊ မတ် ၂၂

အမေရိကန်အစိုးရသစ်၏ ဦးစားပေးမူဝါဒများအရ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် ငြိစွန်းသူများ၊ ပြစ်မှုကျူးလွန်ထားသော နိုင်ငံခြားသားများအား ပြည်နှင်မှုများ ပြုလုပ်လျက်ရှိရာ ဥပဒေငြိစွန်းသူများအား သက်ဆိုင်ရာ နိုင်ငံစုံသို့ ပြည်နှင်ရာတွင် မြန်မာနိုင်ငံသို့ ပြည်နှင်သူများနှင့် ပတ်သက်၍ သက်ဆိုင်ရာ အမေရိကန်အစိုးရ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ ၎င်းတို့အား စိစစ်လက်ခံရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ပထမအသုတ် ၂ ဦးမှာ မတ်လ ၁၉ ရက်နေ့နှင့် မတ်လ ၂၈ ရက်နေ့များတွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ သီးခြားစီ ရောက်ရှိမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန ၏ ၂၁-၃-၂၀၂၄ ရက်နေ့ သတင်းထုတ်ပြန်ချက်တွင် ကမ္ဘာ့နိုင်ငံများအနေဖြင့် သက်ဆိုင်ရာနိုင်ငံ၏ အကျိုးစီးပွားကို ထိပါးသူ သို့မဟုတ် ရာဇဝတ်မှုများ ကျူးလွန်ထားသူ၊ တရားမဝင် ရွှေ့ပြောင်းရောက်ရှိသူ နိုင်ငံခြားသားများအား ဥပဒေကြောင်းအရ ပြည်နှင်မှုများကို ပြုလုပ်လေ့ရှိကြောင်း၊ အမေရိကန်အစိုးရသစ်၏ ဦးစားပေးမူဝါဒများအရ လူဝင်မှုကြီးကြပ်ရေး စည်းမျဉ်းစည်းကမ်းများနှင့် ငြိစွန်းသူများ၊ ပြစ်မှုကျူးလွန်ထားသော နိုင်ငံခြားသားများအား ပြည်နှင်မှုများ ပြုလုပ်လျက်ရှိကြောင်း၊ ထိုသို့ ဥပဒေငြိစွန်းသူများအား သက်ဆိုင်ရာ နိုင်ငံစုံသို့ ပြည်နှင်ရာတွင် မြန်မာနိုင်ငံသို့ ပြည်နှင်သူများနှင့် ပတ်သက်၍ သက်ဆိုင်ရာ အမေရိကန်အစိုးရ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ ၎င်းတို့အား စိစစ်လက်ခံရေး ဆောင်ရွက်လျက်ရှိရာ ပထမအသုတ် ၂ ဦးမှာ မတ်လ ၁၉ ရက်နေ့နှင့် မတ်လ ၂၈ ရက်နေ့များတွင် လေကြောင်းခရီးဖြင့် မြန်မာနိုင်ငံသို့ သီးခြားစီ ရောက်ရှိမည်ဖြစ်ရာ ၎င်းတို့အား တာဝန်ရှိသူများက ကြိုဆိုစောင့်ရှောက်ပံ့ပိုးမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

နိုင်ငံသားများအနေဖြင့် ပြည်ပသို့ တရားဝင်လမ်းကြောင်းမှသာ ထွက်ခွာကြရန်နှင့် ရောက်ရှိရာ နိုင်ငံတိုင်းတွင် သက်ဆိုင်ရာ ပြည်တွင်းဥပဒေများကို လိုက်နာကြရန် လိုအပ်ကြောင်း၊ အမိနိုင်ငံအတွင်း၌ ဥပဒေ‌ဘောင်အတွင်း နေထိုင်ခြင်းသည်သာ အကောင်းဆုံးဖြစ်ပါကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထားသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)