စစ်ကိုင်းမြို့တွင် နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့တွင် နွေရာသီ အခြေခံအားကစားသင်တန်းများ ဖွင့်လှစ်

 




စစ်ကိုင်း , မတ် ၂၂

စစ်ကိုင်းခရိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ နွေရာသီ အခြေခံအားကစားနည်းသင်တန်းများကို စစ်ကိုင်းမြို့၊ မြို့မအားကစားကွင်းနှင့် အားကစားခန်းမတို့၌  ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

အဆိုပါ သင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးအောင်နှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး အားကစားပစ္စည်းများ၊ လေ့ကျင့်ရေးအသုံးအဆောင် ပစ္စည်းများနှင့် သောက်ရေသန့်ဘူးများ ပေးအပ်ခဲ့ကြသည်။

စစ်ကိုင်းမြို့တွင် နွေရာသီ အားကစားသင်တန်းများအဖြစ် ဘောလုံး၊ ပိုက်ကျော်ခြင်း၊ စားပွဲတင် တင်းနစ်၊ Ground တင်းနစ်၊ ဘက်စကတ်ဘော၊ Fitness Dance၊ ကရာတေးဒို၊ ဘောလီဘော အားကစား နည်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးပြီး သင်တန်းသား၊ သင်တန်းသူ (၂၀၀) ဦး တက်ရောက်ကြကာ သင်တန်းကာလမှာ မတ်လ (၁၇) ရက်နေ့မှ ဧပြီလ (၄) ရက်အထိ သင်ကြားပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်မြင့်နိုင်

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)