RFA က ပြည်ဖျက်မိစ္ဆာတွေ ခွက်ခေါက်နေကြပြီလား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

RFA က ပြည်ဖျက်မိစ္ဆာတွေ ခွက်ခေါက်နေကြပြီလား


အမေရိကန်အစိုးရ ပေးတဲ့လစာကို ယူပြီး မြန်မာပြည်ကို မီးလောင်တိုက်သွင်းခဲ့တဲ့ RFA သတင်းဌာန နီပိန်း တဖက်ပိတ်တွေ ခွက်ခေါက်နေကြပြီလားတော့ မပြောတတ်ပါဘူး။ မဟုတ်ပါဘူး၊ မလုပ်ပါဘူးဆိုတဲ့ ထုတ်ပြန်ချက်မျိုးတော့ တွေ့လာရပါတယ်။

“လွတ်လပ်တဲ့အာရှအသံ (RFA) နှင့် ဝန်ထမ်းများကိုယ်စား” ဟု အမည်တပ်ပြီး အွန်လိုင်းပေါ်မှတစ်ဆင့် ရန်ပုံငွေရှာဖွေနေကြတာနဲ့ ပတ်သက်လို့ RFA Burmese မှာ "အကြံပြုပန်ကြားချက်" အနေနဲ့ “လွတ်လပ်တဲ့အာရှအသံ (RFA) နှင့် ဝန်ထမ်းများကိုယ်စား” ဟု အမည်တပ်ပြီး အွန်လိုင်းပေါ်မှတစ်ဆင့် ရန်ပုံငွေရှာဖွေနေကြသည်ကို တွေ့မြင်နေရပါကြောင်း၊ RFA က ယခုကဲ့သို့ တရားဝင် လုပ်ဆောင်နေခြင်း မရှိပါကြောင်း၊ အကယ်၍ ရန်ပုံငွေရှာပါက RFA ၏ တရားဝင်မီဒီယာမှတစ်ဆင့် အများပြည်သူကို အသိပေး‌ကြေညာမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

အမေရိကန်အခွန်ထမ်းပြည်သူတွေရဲ့ ငွေကို အလွဲသုံးစားလုပ်၊ မြန်မာပြည်ထဲက ပြည်သူတွေကို သတင်းအဆိပ်ခတ်ခဲ့တဲ့ RFA က ပြည်ဖျက်မိစ္ဆာအများစုဟာ တဖက်ပိတ် နီပိန်းတွေပဲ များပြီး သတင်းများကို ကျင့်ဝတ်စည်းကမ်းနဲ့အညီ ဖော်ပြတာမျိုးမဟုတ်ဘဲ တဖက်စောင်းနင်း သူတို့လိုလားတဲ့ NLD ၊ ၈၈ ကျောင်းသားများကဲ့သို့သော အဖွဲ့အစည်းတွေ လုပ်သမျှ တိုင်းဖျက်ပြည်ဖျက် သာသနာဖျက် အကြမ်းဖက်လုပ်ရပ်တွေ ကျူးလွန်နေတာကိုပင် တော်လှန်ရေးဆိုတဲ့ စကားလုံးသုံးပြီး လူထုကို မှိုင်းတိုက်ခဲ့ကြပါတယ်။

အမေရိကန်အစိုးရသစ် ဒေါ်နယ်ထရမ့် တက်လာပြီးနောက်ပိုင်း ဘဏ္ဍာငွေလေလွင့် ဆုံးရှုံးမှုများကို ပြန်လည်သုံးသပ်ရာမှာ အပြုသဘောမဆန်တဲ့ မီဒီယာလုပ်ငန်းအတွက် အသုံးပြုနေတဲ့ ဘက်ဂျက်တွေကို ဖြတ်တောက်လိုက်တဲ့အခါမျိုးမှာ အမေရိကန်အခွန်ထမ်း ပြည်သူတွေရဲ့ ငွေကို လိမ်စားနေတဲ့ RFA, VOA တို့လည်း ပိတ်ရမယ့် အခြေအနေမျိုးအထိ ဖြစ်လာပါတယ်။

VOA သတင်းဌာန က အယ်ဒီတာ ဦးသန်းလွင်ထွန်း ကတော့ NLD နဲ့ ၈၈ကျောင်းသားအိုကြီးများ ဖန်တီးတဲ့ ၂၀၂၁ အရေးအခင်းအပေါ် မမှန်သတင်းတွေ လုပ်ကြံဖန်တီးရေးသားဖော်ပြတာမျိုး မလုပ်လိုတော့တဲ့အတွက် VOA ကနေ နှုတ်ထွက်ခဲ့ပါတယ်။ 

တဖက်ပိတ် နီပိန်းအများစုကတော့ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်ကို မစွန့်လွှတ်နိုင်ဘဲ NLDပါတီ နဲ့ ၈၈ကျောင်းသားအိုကြီးတချို့ ဦးဆောင်တဲ့ အကြမ်းဖက်လှုပ်ရှားမှုကို တော်လှန်ရေးအဖြစ် အစဉ်တစိုက် ပုံဖော်ရေးသားပြီး မြန်မာနိုင်ငံသားများကို သတင်းအဆိပ်ခတ်ခဲ့ကြပါတယ်။

VOA သတင်းဌာနကတော့ လွန်ခဲ့တဲ့အပတ်က သတင်းတွေ နောက်ဆုံးဖော်ပြခဲ့ပြီး ဆက်လက်ဖော်ပြခြင်း မရှိတော့တာကို တွေ့ရပါတယ်။ RFA က တဖက်ပိတ် နီပိန်း သတင်းအဆိပ်ခတ်သူများကတော့ ယနေ့တိုင်အောင် သတင်းအဆိပ်များ ဆက်လက်ဖြန့်ဝေနေတာကို တွေ့နေရဆဲဖြစ်ပါတယ်။

RFA ရဲ့ "အကြံပြုပန်ကြားချက်" ကို ကြည့်ခြင်းအားဖြင့် RFA ထဲက တချို့သော တဖက်ပိတ် နီပိန်းများ ဟာ နီပိန်းတွေရဲ့ သဘောသဘာဝအတိုင်း အမေရိကန်အစိုးရရဲ့ အထောက်အပံ့ကို မျှော်လင့်လို့ မရတော့တဲ့အတွက် ခွက်ခေါက်နေကြပြီလား။ နီပိန်းတွေရဲ့ လုပ်ရိုးလုပ်စဉ်တစ်ခုပါပဲလေ။


ဒေါင်းနင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)