ဂါဇာကို အစ္စရေး လေကြောင်းတိုက်ခိုက်မှု ပြန်လုပ်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂါဇာကို အစ္စရေး လေကြောင်းတိုက်ခိုက်မှု ပြန်လုပ်ပြီ



မတ် - ၁၈ ( အင်္ဂါနေ့ ) 

ကျန်ရှိသော ဓားစာခံများ လွတ်မြောက်ရေးနှင့် အပစ်အခတ် ရပ်စဲရေး အကောင်အထည်ဖော်ရေးတို့အတွက် ဟားမတ်စ်နှင့် ဆွေးနွေးမှုများ ပြိုပျက်သွားပြီးနောက် အစ္စရေးသည် ဂါဇာတွင် လေကြောင်းတိုက်ခိုက်မှုများ ပြန်လည်စတင်ခဲ့ပါတယ်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ရဲ့ အင်္ဂါနေ့အစောပိုင်းထုတ်ပြန်ချက်တွင် “ဂါဇာကမ်းမြှောင်ရှိ ဟားမတ်စ်အကြမ်းဖက်အဖွဲ့ပိုင် အကြမ်းဖက်ပစ်မှတ်များကို ကျယ်ကျယ်ပြန့်ပြန့် တိုက်ခိုက်မှုများ ပြုလုပ်နေပါတယ်” လို့ ပါရှိပါတယ်။ 

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု ရုံး အဆိုအရ အခုလို တိုက်ခိုက်မှုများက  “ကျနော်တို့ရဲ့ ဓားစာခံတွေကို လွှတ်ပေးဖို့ ဟားမတ်စ်တွေက ထပ်ခါတလဲလဲ ငြင်းဆိုမှုအပြင် အမေရိကန် သမ္မတ သံတမန် စတိဝစ်ကော့ဖ်  နှင့် ဖျန်ဖြေသူတွေ တင်ပြတဲ့ အဆိုပြုချက်အားလုံးကို ပယ်ချခဲ့ကြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ “အခုချိန်ကစပြီး အစ္စရေးဟာ စစ်အင်အား တိုးမြှင့်ပြီး ဟားမတ်စ်ကို အရေးယူသွားမှာပါ” လို့ ဝန်ကြီးချုပ်ရုံးထုတ်ပြန်ချက်မှာ ပါပါတယ်။ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေ ပြန်စပြီးချင်းချင်းမှာပဲ သေဆုံးသူ ၂၀၀ ကျော်ရှိသွားပြီလို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုပါတယ်။ အဲ့ဒါက အစ္စရေး လေကြောင်း တိုက်ခိုက်မှုတွေက လူနေထူထပ်တဲ့ ဂါဇာဒေသရဲ့ တောင်ပိုင်းနဲ့ အလယ်ပိုင်းဒေသတွေကို အဓိကထားပြီး တိုက်ခိုက်တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ 

ဟားမတ်စ်တွေဘက်ကတော့ အစ္စရေးသည် အမေရိကန်နှင့် အာရပ်နိုင်ငံများ၏ ကြားဝင်စေ့စပ်ပေးထားသည့် အပစ်အခတ်ရပ်စဲရေးကို တစ်ဖက်သတ်အဆုံးသတ်ခဲ့ကြောင်း အကြီးတန်းအရာရှိတစ်ဦး ကပြောပါတယ်။ 

အပစ်အခတ်ရပ်စဲရေး ပထမအဆင့် မတ် ၁ ရက်တွင် သက်တမ်းကုန်ဆုံးပြီးကတည်းက အစ္စရေးနှင့် ဟားမတ်စ်တို့ကြားမှာ သဘောထားကွဲလွဲမှုတွေ ဖြစ်နေခဲ့ပါတယ်။ အဲ့ဒိနောက်ပိုင်းမှာ အပစ်ရပ်ရေးက လုံးဝချုပ်ငြိမ်းသွားပြီး တိုက်ပွဲများပြန်လည်ဖြစ်နေခဲ့ပါတယ်။ 


REF : RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)