ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ အင်းစိန် GTI ၌ EV Maintenance သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ အင်းစိန် GTI ၌ EV Maintenance သင်တန်း (၁/၂၀၂၅) ဖွင့်ပွဲ တက်ရောက်


နေပြည်တော်၊ မတ် ၁၈

လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်ပစ္စည်းများ သုတေသနဖွံ့ဖြိုးရေးနှင့် နည်းပညာပြန့်ပွားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယမန်နေ့က အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)၌ ကျင်းပသည့် EV Maintenance သင်တန်း(၁/၂၀၂၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။

ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် ယနေ့ခေတ်တွင် ကမ္ဘာ့စွမ်းအင်အကျပ်အတည်းမှ ရုပ်ကြွင်းလောင်စာများ လျော့နည်းရှားပါးလာမှု၊ တစ်ဖန် ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့များ လေထုလွှာအတွင်း ထုတ်လွှတ်မှုမှ ကမ္ဘာကြီးပူနွေးလာပြီး ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဆိုင်ရာ ဆိုးကျိုး သက်ရောက်လာသော စိန်ခေါ်မှုကို ကျော်လွှားနိုင်ကာ ကမ္ဘာကြီးရေရှည်တည်တံ့ရန်အတွက် နိုင်ငံတကာတွင် ၂၀၅၀ ပြည့်နှစ်၌ ကာဗွန်ထုတ်လွှတ်မှု ကင်းစင်ရေးကို ဦးတည်ဆောင်ရွက်လျက်ရှိရာ သယ်ယူပို့ဆောင်ရေးတွင် EV များ အသုံးပြုမှုသိသိသာသာ မြင့်တက်လာပါကြောင်း။

နိုင်ငံတော်တွင် အခြားနိုင်ငံများနည်းတူ ဖန်လုံအိမ်ဓာတ်ငွေ့များထုတ်လွှတ်သည့် ယာဉ်များသုံးစွဲမှု အစား EV သုံးစွဲမှုမှတစ်ဆင့် လေထုနှင့် အသံညစ်ညမ်းမှုများ လျှော့ချနိုင်ကာ ကျန်းမာရေးကောင်းမွန်မှု အပါအဝင် အခြားအကျိုးကျေးဇူးများကို ပြည်သူများ ရရှိနိုင်စေရေးနှင့် Sustainable Society ကို တည်ထောင်နိုင်ရေးတို့အတွက် ဦးဆောင်ကော်မတီ က EV ကဏ္ဍဖွံ့ဖြိုးရေးမူဝါဒများကို ၂၀၅၀ ပြည့်နှစ် အထိ ချမှတ်ကာ ဆက်စပ်ဌာနများ တက်ညီလက်ညီဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယနေ့သင်တန်းသည်လည်း ပါဝင်ကြောင်း။

နိုင်ငံတော်တွင် EV သုံးစွဲမှု မြင့်တက်လာရာ ပြည်သူများ EV ဘေးအန္တရာယ်ကင်းရှင်းစွာ သက်တမ်းပြည့် သုံးစွဲနိုင်ရေးအတွက် သင်တန်းသားများသည် ပြုပြင်ထိန်းသိမ်းရေးဆိုင်ရာ နည်းပညာများကို အမှန်တကယ် ကျွမ်းကျင်ပိုင်နိုင်သည်အထိ လေ့ကျင့်သင်ကြားကြရန်၊ ပြင်ပ EV လုပ်ငန်းများမှ တက်ရောက်သူများသည်လည်း မိမိတို့လုပ်ငန်းခွင်ရှိ နည်းပညာလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရေး ကြိုးစားသင်ယူကြရန်၊ နိုင်ငံတော်တွင် EV ကဏ္ဍဖွံ့ဖြိုးရေးတစ်တပ်တစ်အား ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် သင်တန်းသားများသည် သင်တန်းချိန်များကို တန်ဖိုးထား၍ ကြိုးစားလေ့ကျင့်ကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် အစိုးရစက်မှုလက်မှုသိပ္ပံ(အင်းစိန်)ကျောင်းအုပ်ကြီးထံ ဂုဏ်ပြုလက်ဆောင်ပေးအပ်ပြီး သင်တန်းသားများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်သည်။ ယင်းသင်တန်း သို့ ဌာနဆိုင်ရာများမှ သင်တန်းသား ၁၀ ဦးနှင့် ပြင်ပ EV လုပ်ငန်းများမှ သင်တန်းသား ၁၆ ဦးတို့ တက်ရောက်ကြပြီး သင်တန်းတွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး၊ UNR 100 ၊ ဗို့အားမြင့် မောင်းနှင်ခြင်းစနစ်၊ ဘက်ထရီနည်းပညာ၊ ထိန်းချုပ်စနစ်၊ Special Hand Tools ကိုင်တွယ်အသုံးပြုပုံ၊ ပြစ်ချက်ပြဿနာရှာဖွေခြင်းနှင့် စမ်းသပ်ခြင်း၊ Traction Battery ဖြုတ်၊ တပ်ခြင်းနှင့် စမ်းသပ်ခြင်း၊ Electrical Power Train စနစ် ဖြုတ်၊ တပ်ခြင်းနှင့် စမ်းသပ်ခြင်းဆိုင်ရာ လက်တွေ့လုပ်ငန်းများကို အဆင့်မြင့်သင်ထောက်ကူမော်ကျူးများဖြင့် သင်တန်းချိန် နာရီ ၉၀ ကြာလေ့ကျင့်သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)