ရုရှားနိုင်ငံဟာ ယုံကြည်စိတ်ချရဆုံးနဲ့ မြန်မာနိုင်ငံအတွက် ထာဝရမိတ်ဆွေ ဖြစ်နေမယ့်နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပါတယ် ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားနိုင်ငံဟာ ယုံကြည်စိတ်ချရဆုံးနဲ့ မြန်မာနိုင်ငံအတွက် ထာဝရမိတ်ဆွေ ဖြစ်နေမယ့်နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပါတယ် ဟု ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောကြား



စိန့်ပီတာစဘတ်စ်၊ မတ် ၆

ရုရှား-မြန်မာ စီးပွားရေးဖိုရမ်အပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းအား ရုရှားမီဒီယာများ က မေးမြန်းရာ "ရုရှားနိုင်ငံဟာ ယုံကြည်စိတ်ချရဆုံးနဲ့ မြန်မာနိုင်ငံအတွက် ထာဝရမိတ်ဆွေ ဖြစ်နေမယ့်နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပါတယ်" ဟု ပြောသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း က "ဒီရုရှားရောက်တဲ့အခါမှာ  H.E. Vladimir Vladimirovich Putin နဲ့တင် မကပဲနဲ့ ရုရှားရဲ လုံခြုံရေးကောင်စီအတွင်းရေးမှူး၊ ပြီးရင် ရုရှားအထက် လွှတ်တော် ဥက္ကဋ္ဌ၊ ရုရှား ဒူးမားလွှတ်တော် ဥက္ကဋ္ဌ၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ရုရှားမှာရှိတဲ့ ခေါင်းဆောင်တွေအားလုံးနဲ့  တွေ့ဆုံခဲ့ပါတယ်။ အနှစ်ချုပ် ကတော့ မြန်မာ-ရုရှားပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမယ်။ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေး၊ ကာကွယ်ရေး အားလုံးမြှင့်တင်သွားမှာဖြစ်ပါတယ်။ သမ္မတကြီး H.E. Vladimir Vladimirovich Putin နဲ့ဆုံတွေ့တဲ့အခါမှာ ကျွန်တော်တို့အနေနဲ့ မြန်မာ-ရုရှားပေါ့ မိတ်ဖက်ဆက်ဆံရေး၊ မဟာမိတ်ဆက်ဆံရေး ခိုင်မာတဲ့ဆက်ဆံရေး ဖန်တီးနိုင်ခဲ့တယ်။ ကျွန်တော်တို့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးကဏ္ဍ ပေါင်းစုံမှာအားလုံးတိုးမြှင့်နိုင်ဖို့အတွက် ဆွေးနွေးနိုင်ခဲ့တယ်။ ဒီနေ့ရုရှား- မြန်မာ  MYANMAR_ RUSSIAN Business Forum တွေပါတယ်။ သူရဲ့အချိတ်အဆက်တွေ ဖြစ်ပါတယ်။ ယုံကြည်စိတ်ချရဆုံးနဲ့ မြန်မာနိုင်ငံအတွက် ထာဝရမိတ်ဆွေ ဖြစ်နေမယ့် နိုင်ငံကြီးတစ်နိုင်ငံဖြစ်ပါတယ်။ ကမ္ဘာ့ရေးရာမှာရော မြန်မာရေးရာမှာရော ရုရှားနိုင်ငံက မြန်မာနိုင်ငံဘက်ကနေ ရပ်တည်ပေးခဲ့တာကို ကျွန်တော်တို့ အထူးကျေးဇူးတင်ပါတယ်။" ဟု ပြောသည်။

၁၁၀ မီဂါဝပ်အားရှိတဲ့ နူကလီယားဓာတ်ပေါင်းဖိုကို ရုရှားရဲ့အကူအညီနဲ့ တည်ဆောက်မည်ဖြစ်ကြောင်း၊ အရှေ့တောင်အာရှမှာ အရေးကြီးတဲ့ စီးပွားရေးအရ အခြေခံကောင်းမွန်လာမယ့် ထားဝယ်ရေနက်ဆိပ်ကမ်းကို ရုရှားနဲ့ ပူးပေါင်း ဆောင်ရွက်မှာဖြစ်ကြောင်း၊ အလွန်ကြီးမားတဲ့ Project ကြီးဖြစ်ပါကြောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်းကို အသုံးပြုခြင်းအားဖြင့် ကုန်းတွင်းလမ်းကို အသုံးပြုပြီးတော့ မလက္ကာရေလက်ကြားကို အသုံးမပြုဘဲနဲ့ ထားဝယ်ရေနက် ဆိပ်ကမ်းကနေ ဗီယက်နမ်မှာရှိတဲ့ ဒါနန်း( Da Nang) ဆိပ်ကမ်း၊ အခြား ဆိပ်ကမ်းတွေနဲ့ ချိတ်ဆက်ခြင်းအားဖြင့် မလက္ကာရေလက်ကြားကို မဖြတ်ဘဲနဲ့ သွားနိုင်တဲ့ လမ်းကြောင်းသစ်တစ်ခုပေါ်လာမှာဖြစ်ကြောင်း၊ ဒီရေနက်ဆိပ်ကမ်းက ဘာကြောင့် အရေးပါလဲဆိုလို့ရှိရင် ထားဝယ်ရေနက်ဆိပ်ကမ်းက ဘယ်နေရာ ရှိလဲဆိုရင် မြန်မာနိုင်ငံအောက်ပိုင်းမှာရှိနေကြောင်း၊ ထားဝယ်ရေနက်ဆိပ်ကမ်း အောက်မှာ မလက္ကာရေလက်ကြားဆိုတာရှိနေကြောင်း၊ ဒီမလက္ကာရေလက်ကြား ဆိုတာက တောင်တရုတ်ပင်လယ်နဲ့ ဟိုဘက်မှာရှိတဲ့ အိန္ဒိယသမုဒ္ဒရာနှစ်ခုဆက် ပေးထားခြင်း ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားသည်။

ဗိုလ်ချုပ်ဇော်မင်းထွန်း က "စိန့်ပီတာစဘတ်စ်မှာ မြန်မာ-ရုရှားတွေ့ပြီးတော့ ရင်းနှီးမှုမြှင့်တင် နိုင်ရေးအတွက် ကောင်စစ်ဝန်ချုပ်ရုံးအသစ် သွားရောက်ဖွင့်လှစ်မှာဖြစ်တယ်။ ပြီးရင် ဘီလာရုစ်ကို သွားမယ်။ ပြန်လာရင် ကျွန်တော်တို့ ရုရှားမှာရှိတဲ့ ဗလာဒီဗော့စတော့ကိုသွားမယ်၊ အဲဒီမှာလည်း ကောင်စစ်ဝန်ချုပ်ရုံးအသစ် တစ်ခု ဖွင့်မယ်။ ကျွန်တော် ပြောချင်တာကတော့ ဒီနေ့ကနေစပြီးတော့ မြန်မာ-ရုရှား ဆက်ဆံရေး ပိုမိုခိုင်မာစေဖို့ ၊ ပိုမိုတည်မြဲစေဖို့ သမိုင်းကဏ္ဍအသစ်ကို ဖွင့်လှစ် နိုင်ပြီဖြစ်တယ်လို့ ဝမ်းမြောက်ဝမ်းသာပြောချင်ပါတယ်။" ဟု ရှင်းလင်း ဖြေကြားသွားခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)