မတ် - ၁၁ ( အင်္ဂါနေ့ )
အသက် ၈၁ နှစ်အရွယ် အဘွားအိုတစ်ယောက်က သူမရဲ့ မိသားစုအခန်းကို ရှင်းရင်း လွန်ခဲ့တဲ့ ၉၉ နှစ်က သူ့မရဲ့ အဘိုးဖြစ်သူက စာကြည့်တိုက်ကနေ ငှားထားတဲ့ စာအုပ်တစ်အုပ်ကို ပြန်လည်တွေ့ရှိခဲ့လို့ စာအုပ်ကို စာကြည့်တိုက်ကိုသွားပြီး ပြန်အပ်ခဲ့ပါတယ်။
ဘာကလေမြို့နယ်တွင် နေထိုင်သူ မေရီကူပါး က အေ နယ်လီဟော ရေးသားတဲ့ မိန်းကလေးများနှင့် ယောက်ျားလေးများအတွက် အိမ်လုပ်အရုပ်များ စာအုပ်ကို ရှာတွေ့ပြီး ၁၉၂၆ ခုနှစ် မတ်လတွင် အိုရှင်းကောင်တီ စာကြည့်တိုက်မှ ငှားယူထားတာကို တွေ့ရှိလိုက်ပါတယ်။ အဲ့ဒိစာအုပ်ကို သူမရဲ့ အမေအခန်းထဲမှာ ထားထားတာကို တွေ့လိုက်တာပါ။ သူမရဲ့ အမေက သူ့အဖေ ( မေရီရဲ့ အဘိုး) အမွေပေးခဲ့တဲ့ အထုတ်ထဲမှာ သိမ်းထားတာပါ။
မေရီရဲ့အဖိုး ချားလီတယ်လ်တန် သည် မသေဆုံးမီ တစ်နှစ်အလိုတွင် စာအုပ်ကို ဖတ်ရှုလေ့လာခဲ့သူဖြစ်ပါတယ်။ "ကျမမှာ မြေးမရှိဘူးလို့ထင်တယ်၊ ကလေးတွေလည်း အသက်ကြီးလာပြီ။ ငါ့သားက ယူသွားရင်တောင် သူတို့ ဘာလုပ်ရမယ်ဆိုတာ ငါမသိဘူး။ ဒါက စာကြည့်တိုက် ပိုင်တယ်လို့ထင်တယ်"လို့ သူမကပြောပါတယ်။ စာကြည့်တိုက်ကလည်း ယခုနှစ် နှစ်၁၀၀မြောက် နှစ်ပတ်လည်နေ့ကို ကျင်းပနေသောကြောင့် စာအုပ်ပြန်လည်ရောက်ရှိလာသည်မှာ အံ့သြစရာကောင်းသည့်အချိန်တစ်ခုဖြစ်ကြောင်း Ocean County စာကြည့်တိုက်မှ ပြောကြားခဲ့ပါတယ်။
စာကြည့်တိုက်မှူးများက အဆိုပါ စာအုပ်အတွက် နောက်ကျကြေးများ မကောက်ခံတော့ကြောင်း ပြောကြားခဲ့ ကြပါတယ်။ တကယ်လို့ နောက်ကျကြေး ကောက်ရမယ်ဆိုရင်လည်း အနည်းဆုံး ဒေါ်လာ ၂ သောင်း လောက် ကျသင့်မှာပဲဖြစ်တယ်လို့ ရီရီမောမော နဲ့ ပြောကြပါတယ်။
REF: UPI
https://t.me/MyanmarNationalPost
No comments:
Post a Comment