ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် ပထဝီနိုင်ငံရေးအရ စီးပွားရေးနှင့် နိုင်ငံရေးအရ အရေးပါသည့်အပြင် နိုင်ငံအတွက် အရေးကြီးပြီး ဒေသခံများနှင့် နိုင်ငံတော်အတွက် အကျိုးများစွာ ဖြစ်ထွန်းနိုင် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် ပထဝီနိုင်ငံရေးအရ စီးပွားရေးနှင့် နိုင်ငံရေးအရ အရေးပါသည့်အပြင် နိုင်ငံအတွက် အရေးကြီးပြီး ဒေသခံများနှင့် နိုင်ငံတော်အတွက် အကျိုးများစွာ ဖြစ်ထွန်းနိုင်


နေပြည်တော်၊ မတ် ၁၂

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ဒုတိယ အကြိမ်အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပရာ မြန်မာအထူးစီးပွား ရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဥက္ကဋ္ဌ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် ပထဝီနိုင်ငံရေးအရ  စီးပွားရေးနှင့် နိုင်ငံရေးအရ အရေးပါသည့်အပြင် နိုင်ငံအတွက် အရေးကြီးပြီး ဒေသခံများနှင့် နိုင်ငံတော်အတွက် အကျိုးများစွာ ဖြစ်ထွန်းနိုင်သည့်အတွက် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း လမ်းညွှန်မှာကြားခဲ့သည်။

ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် (Concession Agreement) ကို  ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ ၅ ရက်တွင် ချုပ်ဆိုခဲ့ကြောင်း၊ အဆိုပါ Concession Agreement ကို ဖြည့်စွက်သည့် နောက်ဆက်တွဲစာချုပ် (Addendum) ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်တွင် နေပြည်တော်တွင် စီမံကိန်း ကုမ္ပဏီနှင့် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတို့ လက်မှတ်ရေး ထိုးခဲ့ပြီး Long Stop Date ကို သက်တမ်းတိုးပေးခဲ့ပြီးဖြစ်ကြောင်း၊ သက်တမ်း တိုးမြှင့်ထားသည့်ကာလသည် ၂၀၂၅ ခုနှစ်၊ ဇွန် ၂၅ ရက်တွင် ပြည့်မြောက်မည် ဖြစ်သည့်အတွက် သတ်မှတ်ကာလမတိုင်မီ ၂ လ အလိုတွင် နှစ်ဦးနှစ်ဖက် လုပ်ငန်းများ ပြီးပြတ်အောင် မဖြစ်မနေ ဆောင်ရွက်ရမည့် ကိစ္စရပ်ဖြစ်သည့်အတွက် လုပ်ငန်းကော်မတီက ဆက်လက် ဆောင်ရွက်လျက်ရှိပြီး အခြားပါဝင်သည့် ကော်မတီများကလည်း လုပ်ငန်းများ အမြန်ဆုံးပြီးပြတ်အောင် ကန့်သတ်ချက်များကြားမှ ဝိုင်းဝန်း ဆောင်ရွက်ပေးကြရန် လိုကြောင်း။

ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် ပထဝီနိုင်ငံရေးအရ  စီးပွားရေးနှင့် နိုင်ငံရေးအရ အရေးပါသည့်အပြင် နိုင်ငံအတွက် အရေးကြီးပြီး ဒေသခံများနှင့် နိုင်ငံတော်အတွက် အကျိုးများစွာ ဖြစ်ထွန်းနိုင်သည့်အတွက် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ရေနက်ဆိပ်ကမ်း စီမံကိန်းကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခြင်းဖြင့် မြန်မာ-တရုတ် စီးပွားရေးစင်္ကြံ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်းကို ပါဝင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး Belt and Road စီမံကိန်းအတွက် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကိုလည်း ပိုမိုမြှင့်တင် စေနိုင်မည်ဖြစ်ကြောင်း ပြောကြားသွားခဲ့သည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)