မိုင်းပျဉ်းမြို့တွင် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၏ နှစ်ပတ်လည်ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းပျဉ်းမြို့တွင် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၏ နှစ်ပတ်လည်ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ






မိုင်းပျဉ်း၊ မတ် ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် လူမှုဝန်ထမ်းအသိအမှတ်ပြု မိခင်နှင့်ကလေး ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၏ နှစ်ပတ်လည်ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်ပရိတ်သတ်အပေါင်းနှင့် မူကြိုကျောင်းမှ ဆရာမများနှင့် မူကြိုကလေးများတို့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အလံအား အလေးပြုကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်တို့က အဖွင့်အမှာစကားအသီးသီး ပြောကြားကြသည်။ ဆက်လက်၍ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဒေါ်နန်းပင်းတစ်ပ်က ကျောင်းနှင့်ပတ်သက်၍ လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။ ၎င်းနောက် ဆုများပေးအပ်ရာ စံပြဆုရရှိသော သမီးမချမ်းသီရိခေတ်အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဝင်းကလည်းကောင်း၊  ဘက်စုံထူးချွန်ဆုရရှိသော သား စိုင်းဟန်ခေးဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးစိုင်းထွန်းစိန်ကလည်းကောင်း၊ ဘက်စုံထူးချွန်ဆုရရှိသော သား စိုင်းရွတ်မိုင်းနွံအား အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူးနှင့် ကျန်ဆုများအား မိခင်ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူးနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြပြီး မူကြိုသားငယ်/ သမီးငယ်လေးများက အကအလှပဒေသာများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း၏ နှစ်ပတ်လည်ပဒေသာကပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊  မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မူကြိုဆရာမများ၊ မူကြိုသားငယ်/သမီးငယ်များနှင့် ၎င်းတို့၏မိဘများ စုံလင်စွာတက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


နန်းသန္တာဦး


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)