ကျေးသီးမြို့နယ်ရှိ ကျေးရွာ(၂)ရွာ၌ မိသားစုဝင်ငွေတိုးလုပ်ငန်းများ လုပ်ကိုင်ရန် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျေးသီးမြို့နယ်ရှိ ကျေးရွာ(၂)ရွာ၌ မိသားစုဝင်ငွေတိုးလုပ်ငန်းများ လုပ်ကိုင်ရန် မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေများထုတ်ချေး




ကျေးသီး၊ မတ် ၂၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများ ထုတ်ချေး‌ပေးခြင်း အခမ်းအနားကို မတ် ၂၁ ရက် နံနက်ပိုင်းက ဝမ်ဖွီးကျေးရွာအုပ်စု၊ နမ့်ကစ်ကျေးရွာ၌   တာဝန်ရှိသူများမှ ထုတ်ချေးပေးခဲ့သည်။

ဦးစွာ ကျေးသီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအေးနိုင်က နမ့်ကစ်ကျေးရွာနှင့် နားယုတ်ကျေးရွာတို့ရှိ ကျေးလက်နေပြည်သူများ မိသားစုဝင်ငွေတိုးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်ရန်နှင့် တိုးပွားလာသော ရန်ပုံငွေများဖြင့် ‌ကျေးရွာတွင်းဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ထုတ်ချေးရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ဆက်လက်၍   စီမံကိန်းတာဝန်ခံက အတိုးနူန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေး ရာတွင် လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဦးစီးမှူးက မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များထံသို့ အရင်းမပျောက် လည်ပတ်ရန်ပုံငွေကျပ်(၆၇၄)သိန်းကို လွှဲပြောင်းပေးအပ်ခဲ့သည်။

ထို့နောက် ကျေးရွာမြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက နမ့်ကစ်ကျေးရွာနှင့် နားယုတ်ကျေးရွာတို့ရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ(၂၉)ဦး၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ(၈)ဦး နှင့် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်သူ(၆)ဦး စုစုပေါင်းအသင်းသူ/သား (၄၃)ဦးကို  မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေကျပ်(၆၇၄)သိန်းအား အသင်းသူ/သားများ၏ တစ်ဦးချင်း လက်ဝယ်အရောက် အတိုးနူန်းသက်သာစွာဖြင့် အဋ္ဌမအကြိမ်မြောက် ထုတ်ချေးပေးခဲ့ကြောင်း  သိရသည်။


စိုင်းငင်း


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)