စက်မှုနှင့် နည်းပညာများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များသည် အရေးကြီးသည့်ကဏ္ဍတစ်ရပ်ဖြစ်လာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စက်မှုနှင့် နည်းပညာများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များသည် အရေးကြီးသည့်ကဏ္ဍတစ်ရပ်ဖြစ်လာ


နေပြည်တော်၊ မတ် ၂၆

MSME ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်း၊ တာဝန်ရှိသူများနှင့် MSME လုပ်ငန်းရှင်များ တက်ရောက်ကြသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ဂလိုဘယ်လ်လိုက်ဇေးရှင်းခေတ်တွင် စက်မှုနှင့် နည်းပညာများ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မူပိုင်ခွင့်ဆိုင်ရာကိစ္စရပ်များသည် အရေးကြီးသည့် မရှိမဖြစ်ကဏ္ဍတစ်ရပ်ဖြစ်လာကြောင်း၊ မူပိုင်ခွင့်နှင့် စပ်လျဉ်း၍ ကုန်အမှတ်တံဆိပ်မူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့်ဥပဒေ၊ ဉာဏပစ္စည်းမူပိုင်ခွင့်ဥပဒေနှင့် တီထွင်မှုမူပိုင်ခွင့်ဥပဒေဟူ၍ မူပိုင်ခွင့်ဥပဒေ (၄) ရပ် အောင်မြင်စွာ ပေါ်ထွက်လာခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင် မူပိုင်ခွင့်ဥပဒေများနှင့် ပတ်သက်၍ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေးသွားမည်ဖြစ်သည့်အတွက် တက်ရောက်လာကြသည့် MSME လုပ်ငန်းရှင်များအနေဖြင့် သိရှိလိုသည်များကို ပွင့်ပွင့်လင်းလင်းမေးမြန်းဆွေးနွေးပြီး မိမိတို့၏ ကုန်ထုတ်လုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် မူပိုင်ခွင့်ဆိုင်ရာ အခွင့်အရေးများကို ဥပဒေနှင့် အညီရရှိအောင် လုပ်ဆောင်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

ထို့နောက် တာဝန်ရှိသူများက MSME များအတွက် မူပိုင်ခွင့်ဆိုင်ရာသိကောင်းစရာများ၊ MSME ထုတ်ကုန်များနှင့် စပ်လျဉ် သော စံချိန်စံညွှန်းဆိုင်ရာ သိကောင်းစရာများ၊ MSME များအတွက် FDA လက်မှတ်လျှောက်ထားမှုဆိုင်ရာ လိုအပ်ချက်များနှင့် လုပ်ငန်းစဉ်များ၊ Digital အသုံးပြုမှုဆိုင်ရာ သိကောင်းစရာများကို ခေါင်းစဉ်အလိုက် ဆွေးနွေးကြသည်။

ဆွေးနွေးမှုများအပေါ် တက်ရောက်လာကြသူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြပြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားကာ ဆွေးနွေးပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)