ကော့ကရိတ်မြို့၌ အခြေခံပညာ အထက်တန်း/ အလယ်တန်း/ မူလတန်းအဆင့် သင်ကြားသင်ယူမှုထိရောက်ရေး ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ သင်တန်းအခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့ကရိတ်မြို့၌ အခြေခံပညာ အထက်တန်း/ အလယ်တန်း/ မူလတန်းအဆင့် သင်ကြားသင်ယူမှုထိရောက်ရေး ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ သင်တန်းအခမ်းအနား ကျင်းပ

 


ကော့ကရိတ်၊ မတ် ၂၄

၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ အခြေခံပညာ အထက်တန်း/ အလယ်တန်း/ မူလတန်းဆင့် သင်ကြားသင်ယူမှုထိရောက်ရေး ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲသင်တန်း အခမ်းအနားကို ယနေ့နံနက် ၉:၀၀ နာရီအချိန်က ကော့ကရိတ်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်ကျင်းပရာ ကော့ကရိတ်ခရိုင်/မြို့နယ်အုပ်ချုပ် ရေးမှူး၊ ခရိုင်/မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများနှင့် သင်တန်းသား/သင်တန်းသူ၊ ဆရာ၊ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အခမ်းအနားတွင် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမိုးကျော်အောင်က အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်ပညာရေးမှူး ဦးခွန်အောင်မျိုးဆွေက ဆရာ/ဆရာမများ သင်ကြားမှုနည်းစနစ် စွမ်းရည်များ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဘာသာရပ်အလိုက် ထူးချွန်ထက်မြက်စွမ်းဆောင်ရည် မြင့်မားလာစေရေး၊ နိုင်ငံ့သားကောင်းရတနာများ ဖြစ်ထွန်းပေါ်ပေါက်လာအောင် မြှင့်တင်ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ ဆွေးနွေးပွဲများ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ထပ်ဆင့်အမှာစကား ပြောကြားသည်။

အဆိုပါ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ကော့ကရိတ်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းတွင် ထက်/လယ်/မူအဆင့် သင်တန်းနည်းပြ (၃၀) ဦး၊ သင်တန်းသား/သူ (၃၄၆) ဦးနှင့် ကျုံဒိုးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လယ်/မူအဆင့် သင်တန်းနည်းပြ (၂၈) ဦး၊ သင်းတန်သား/သူ (၅၅၄) ဦးတို့ဖြင့် သင်ရိုးညွန်းတမ်းအတိုင်း မတ်လ (၂၄) ရက်နေ့မှ မတ်လ (၂၈) ရက်နေ့ထိ  ဆွေး‌နွေးပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ခရိုင်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)