ပြင်သစ်စစ်တပ်တွေ အာဖရိက ကနေ ပြန်ရဖွယ်ရှိနေပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြင်သစ်စစ်တပ်တွေ အာဖရိက ကနေ ပြန်ရဖွယ်ရှိနေပြီ


မတ် - ၁ ( စနေနေ့ ) 

၂၀၂၄ ခုနှစ်နှောင်းပိုင်းတွင် ဆီနီဂေါ၊ ချဒ်နှင့် အိုင်ဗရီကို့ တို့က ပါရီအစိုးရနှင့် စစ်ဘက်ဆိုင်ရာ စာချုပ်များကို ရပ်စဲရန် ကြံရွယ်ကြောင်း ဖော်ပြခဲ့ပြီးနောက် ပြင်သစ်နိုင်ငံသည် ဆာဟာဒေသနဲ့ အနောက်အာဖရိကနိုင်ငံများတွင် စစ်ဘက်ဆိုင်ရာ တည်ရှိမှုကို လုံးဝ ဆုံးရှုံးရတော့မှာ ဖြစ်ပါတယ်။

အစောပိုင်းတွင် ပြင်သစ်တပ်များသည် မာလီ၊ ဘာကီနာဖာဆိုနှင့် နိုင်ဂျာတို့ကို စွန့်ခွာခဲ့ရပါတယ်။ စစ်တပ်အာဏာ သိမ်းပြီးနောက် ဖွဲ့စည်းခဲ့သော အဆိုပါနိုင်ငံများ၏ ကြားဖြတ်အစိုးရများသည် ၎င်းတို့၏ ကိုလိုနီနယ်ချဲ့ဟောင်းများနှင့် ပူးပေါင်းဆောင်ရွက်လိုခြင်းမရှိတော့ဘဲ ဆာဟာနိုင်ငံများမဟာမိတ် ဟုခေါ်သော ဖက်ဒရယ် ပြည်ထောင်စုသစ်အောက်တွင် ပေါင်းစည်းရန် ရည်မှန်းထားပါတယ်။ အဲ့ဒိဖွဲ့စည်းမှုက ဒေသတွင်း ပြင်သစ်လွှမ်းမိုးမှုကို ထိန်းသိမ်းရန် ကိရိယာတစ်ခုအဖြစ် ရှုမြင်ထားပါတယ်။ 

၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ချဒ်အစိုးရက ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် လက်မှတ်ရေး ထိုးခဲ့သော ပြင်သစ်နှင့် ၎င်း၏ ကာကွယ်ရေးသဘောတူညီချက်ကို ရပ်စဲကြောင်း ကြေညာခဲ့ပါတယ်။ ၂၀၂၄ ဒီဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထားပြီး ချဒ်မှာ တပ်စွဲထားတဲ့ ပြင်သစ်စစ်သား ၁၁၀၀ ကို ထွက်ခွာသွားရန် အမိန့်ထုတ်ခဲ့ပါတယ်။ ပြီးတော့ ဒီနှစ်ထဲမှာ ချဒ်မှာ တပ်စွဲထားတဲ့ ပြင်သစ်အခြေစိုက်စခန်းတွေကို ချဒ်စစ်တပ်ကလွှဲပြောင်းယူ ဖို့ စီစဉ်ထားပါတယ်။ နောက်ပြီး အမေရိကန် စစ်မှုထမ်း ၇၅ ယောက်ကို တိုင်းပြည်အတွင်းက ထွက်ခွာဖို့အတွက် အမိန့်ထုတ်လိုက်ပါတယ်။ စစ်အာသိမ်းနိုင်ငံတွေဖြစ်တဲ့ မာလီ၊ နိုက်ဂျာ နဲ့ ဘာကီနာဖာဆို နိုင်ငံတွေကလည်း အမေရိကန်စစ်တပ်တွေနဲ့ ပြင်သစ်စစ်တပ်တွေကို တိုင်းပြည်အတွင်းက ထွက်ခွာရန် အမိန့်တွေ ထုတ်ခဲ့ပါတယ်။ 

၂၀၂၄ နိုဝင်ဘာ ၂၉ ရက်နေ့ကလည်း ဆီနီဂေါနိုင်ငံက ပြည်တွင်းမှာ ရှိတဲ့ ပြင်သစ်စစ်တပ်တွေကို ထွက်ခွာဖို့ အတွက် အမိန့်ထုတ်ခဲ့ပါတယ်။ 

၂၀၂၅ ဖေဖော်ဝါရီ ၂၀ ရက်နေ့မှာ အိုင်ဗရီကို့စ်ကလည်း ပြင်သစ်စစ်တပ်တွေ ထွက်သွားဖို့အမိန့်ထုတ်ခဲ့ပါတယ်။

အာဖရိက ကနေ ပြင်သစ်စစ်တပ်တွေ ထွက်ခွာရတာကို ဖရီဇစ် ( Frexit ) လို့ခေါ်ပြီး အဲ့ဒိတိုင်းပြည်တွေကို ရုရှားနဲ့ တရုတ်တို့ရဲ့ ဩဇာလွှမ်းမိုးမှုတွေ ဝင်ရောက်လာနေပါတယ်။ 

စစ်ဘက်ဆိုင်ရာ သဘောတူညီချက်များကို ရပ်စဲရန် ချဒ်နှင့် ဆီနီဂေါ၏ ဆုံးဖြတ်ချက်များကို တုံ့ပြန်သည့်အနေဖြင့် ပြင်သစ်သမ္မတ အမ်မာနျူရယ် မာခွန် က ၂၀၁၃ ခုနှစ်ကတည်းက အကြမ်းဖက်မှု တိုက်ဖျက်ရေးတွင် ပြင်သစ်၏ ပံ့ပိုးကူညီမှုကို ကျေးဇူးကန်းတယ်လို့ စွပ်စွဲ ခဲ့ပါတယ်။ 


REF - RT

#News #MNP 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)