၂၀၂၅ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေ ဝင်း တက်ရောက်ချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

၂၀၂၅ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေ ဝင်း တက်ရောက်ချီးမြှင့်










ပဲခူး၊ မတ် ၁၁           

ပဲခူးမြို့ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက် ချီးမြှင့်ခဲ့သည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ယနေ့ကမ္ဘာကြီးမှာ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ အကျပ်အတည်းများနှင့် ပြောင်းလဲမှုများကြောင့် စားသုံးသူများ၏ အခွင့်အရေးများကို ပိုမိုကာကွယ်ရန် လိုအပ်လာကြောင်း၊ စားသုံးသူကာကွယ်ရေးလုပ်ငန်းသည် စားသုံးသူများအပေါ် ကာကွယ်စောင့်ရှောက်ပေးနေသည့်အပြင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း နိုင်ငံတကာအဆင့်မီ အရည်အသွေးမြင့်မားတဲ့ ကုန်စည်တွေကို ထုတ်လုပ်တင်ပို့ရောင်းချနိုင်သော အခွင့်အလမ်းများ ရရှိစေရန်အတွက် ဖော်ဆောင်ပေးရခြင်းဖြစ်ကြောင်း၊ စားသုံးသူအခွင့်အရေး တိုးတက်ကောင်းမွန်ခြင်းက စီးပွားရေးလုပ်ငန်းရှင်တို့၏ ထုတ်ကုန်အရည်အသွေး တိုးတက်ကောင်းမွန်ခြင်း၊ ပြည်သူများ လုံခြုံစိတ်ချရမှုရှိခြင်းမှတစ်ဆင့် နာမည်ကောင်းရရှိခြင်း၊ စားသုံးသူတွေရဲ့ ယုံကြည်မှုရရှိပြီး ရောင်းအားကောင်းလာခြင်း၊ ဈေးကွက်ပိုမိုရရှိခြင်း စသည့် အောင်မြင်တိုးတက်မှုများဖြစ်ပေါ်စေကာ ဈေးကွက်စီးပွားရေးလုပ်ငန်းစနစ်မှာလည်း မြန်မာနိုင်ငံမှထုတ်လုပ်သည့် ကုန်စည်များအနေဖြင့် နိုင်ငံတကာနှင့် ရင်ဘောင်တန်းနိုင်မယ့် ကုန်စည်းများ ထုတ်လုပ်ရောင်းချသွားနိုင်မှာဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ ဆောင်ပုဒ်ဖြစ်သည့် “လူနေမှုဘဝ အစဉ်တည်တံ့ဖို့ မျှတအသင်ကူးပြောင်းစို့” ဆိုသည့်အတိုင်း စားသုံးသူများ၏ ပိုမိုကောင်းမွန်သော အကာအကွယ်နှင့် စွမ်းဆောင်နိုင်မှုတို့အပြင် ကျန်းမာရေးနှင့် ညီညွှတ်သော ရွေးချယ်မှု၊ ကောင်းမွန်သော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်ကောင်းများ ရရှိစေရေး ဌာနဆိုင်ရာများ၊ အဖွဲ့အစည်းများ၊ လုပ်ငန်းရှင်များ၊ ပြည်သူများပူးပေါင်း၍ ဟန်ချက်ညီညီ စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးမြင့်ဝင်းက ကမ္ဘာ့ စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်နိုင်ခဲ့မှုနှင့် ၂၀၁၆ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ အပြည်အပြည်ဆိုင်ရာ စားသုံးသူများအဖွဲ့က သတ်မှတ်ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ်ဆောင်ပုဒ်များနှင့်ပတ်သက်၍ အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။     

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ ကျောင်းသား/သူများတို့နှင့်အတူ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ အထိမ်းအမှတ် video Click အား ကြည့်ရှုခဲ့ကြသည်။ ၎င်းနောက် ပြခန်းအတွင်း ပြသထားသည့် စားသုံးသူအခွင့်အရေးဆိုင်ရာ အသိပညာပေးပြခန်းအား လှည့်လည်ကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)