လူငယ်တွေကြားပြဿနာဖြစ်လို့ အယ်လ်ဘေးနီးယားမှာ တစ်တော့ ကိုပိတ်ပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူငယ်တွေကြားပြဿနာဖြစ်လို့ အယ်လ်ဘေးနီးယားမှာ တစ်တော့ ကိုပိတ်ပြီ


မတ် - ၈ ( စနေနေ့ ) 

ကလေးသူငယ်တွေကြားမှာ အွန်လိုင်း အကြမ်းဖက်မှုနဲ့ ညှင်းပန်းနှိတ်စက်မှုတွေ တိုးလာတဲ့အတွက်ကြောင့် ပြည်တွင်း တစ်တော့ ဆိုရှယ်မီဒီယာအသုံးပြုမှုကို ၁ နှစ်ပိတ်ထားလိုက်ကြောင်း အယ်လ်ဘေးနီးယား အစိုးရကိုယ်စား ပညာရေးဝန်ကြီး အိုဂါတာမာနစတာလူ က အမိန့်ထုတ်ပြန်လိုက်ပါတယ်။ 

ဆိုရှယ်မီဒီယာပေါ်တွင် ငြင်းခုံမှုများဖြစ်ပွားပြီးနောက် ကျောင်းသားတစ်ဦးက အသက် ၁၄ နှစ်အရွယ် ကျောင်းသူလေးတစ်ဦးကို ဓားဖြင့်ထိုးသတ်လိုက်ပြီးနောက် အယ်လ်ဘေးနီးယား ဝန်ကြီးချုပ် အီဒီရာမာ က တစ်တော့ ဆိုရှယ်မီဒီယာကို တစ်နှစ်ကြာ ပိတ်ပင်လိုက်တယ်လို့ ပထမဆုံးကြေညာခဲ့ပါတယ်။  အဲ့ဒိတားမြစ်ချက်က ရက်ပိုင်းအတွင်း အသက်ဝင်မှာ ဖြစ်ပါတယ်။

ကန့်သတ်မှု၏ အတည်ပြုချက်ကို ပြည်တွင်း မိသားစု ၆သောင်းခွဲနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် ပလက်ဖောင်းကို ပိတ်ခြင်း ( သိုမဟုတ်) ကန့်သတ်ခြင်းစသည့် အကြံပြုချက်များကို ရယူပြီးနောက် အမိန့်ထုတ်လိုက်ခြင်း ဖြစ်ပါတယ်။ အစိုးရသည် “ကုမ္ပဏီနှင့် အပြုသဘောဆောင်သော ဆွေးနွေးမှုများ” လုပ်ဆောင်နေကြောင်းနှင့် TikTok ကိုယ်စားလှယ်များသည် “ကလေးငယ်များအတွက် လုံခြုံရေးတိုးမြှင့်မှုဆိုင်ရာ အစီအမံများ ဆက်တိုက်လုပ်ဆောင်ရန် အယ်လ်ဘေးနီးယားသို့ မကြာမီ လာရောက်မည်ဖြစ်ကြောင်း ၎င်းက ဆိုပါတယ်။  

အယ်လ်ဘေးနီးယားအရာရှိများက ကလေးများ၏ ပလပ်ဖောင်းသို့ဝင်ရောက်ခွင့်ကို ထိန်းညှိရန်နှင့် အန္တရာယ်ရှိသော အကြောင်းအရာများကို ကန့်သတ်ရန် ကိရိယာများကို အကောင်အထည်ဖော်ရန် TikTok နှင့် ဆက်သွယ်နေကြောင်းဆိုပါတယ်။   ဝန်ကြီး၏အဆိုအရ၊ ပလပ်ဖောင်းသည် မိဘထိန်းချုပ်မှုများနှင့် အသက်စစ်ဆေးခြင်း ကဲ့သိုသော လိုအပ်သောစစ်ထုတ်မှုများကို လုပ်ဆောင်ပြီး အယ်လ်ဘေးနီးယန်း ဘာသာစကားကို အက်ပ်သို ထည့်မသွင်းမချင်း တားမြစ်ချက်ကို ဆက်လက်ထားရှိမှာ ဖြစ်ပါတယ်။ 


Ref - RT

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)