YBS ပေါ်တွင် ခါးပိုက်နှိုက်မှုအပါအဝင် ရာဇဝတ်မှုများအား ဖော်ထုတ်စစ်ဆေး အရေးယူဆောင်ရွက်နေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

YBS ပေါ်တွင် ခါးပိုက်နှိုက်မှုအပါအဝင် ရာဇဝတ်မှုများအား ဖော်ထုတ်စစ်ဆေး အရေးယူဆောင်ရွက်နေ




ရန်ကုန်၊ မတ် ၈

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားပြည်သူများအနေဖြင့် မြို့တွင်း/နယ်ဝေးခရီးသွားလာရာတွင် ဘေးကင်း လုံခြုံပြီး အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC) မှ ဆောင်ရွက်ပေးလျက်ရှိသည့် ဝန်ဆောင်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ မီဒီယာများနှင့် တွေ့ဆုံပြီး ပြည်သူများထံသို့ အသိပေးရှင်းလင်းပွဲ (၁/၂၀၂၅)ကို ယမန်နေ့မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ်၊ လေးထောင့်ကန် လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ ( YRTC )ရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်း ရေးမှူး ဦးလျန်ကျင့်မန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသော မီဒီယာများက ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော ‌YBS ယာဉ်လိုင်းကုမ္ပဏီများမှ ယာဉ်များ၏ ယာဉ်စည်းကမ်းဖောက်ဖျက်ကျူးလွန်မှုများနှင့် ပြစ်မှု ပြစ်ဒဏ်ချမှတ် အရေးယူဆောင်ရွက်နေသည့် အခြေအနေများ၊ ‌YBS ယာဉ်လိုင်းများအား စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ၊ ‌YBO Control Centre နှင့် သက်ဆိုင်ရာဌာနများ ပူး‌ပေါင်း၍ ခါးပိုက်နှိုက်မှုအပါအဝင် ရာဇဝတ်မှုများအား ဖော်ထုတ်စစ်ဆေးအရေးယူဆောင်ရွက်နေမှုများ၊  YBS ယာဉ်များပေါ်တွင် တပ်ဆင်ထားသော POS ကတ်ဖြတ်စနစ် အား ပိတ်ထားသည့် ယာဉ်လိုင်းများအား ထိရောက်စွာ စစ်ဆေးအရေးယူ ဆောင်ရွက်နေမှုများနှင့် ၂၀၂၅ - ခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲ ဖြေဆိုသည့်ကာလအတွင်း ကျောင်းသား/သူများ သက်ဆိုင်ရာစာစစ်ဌာနကျောင်းများသို့ သွားလာမှုအဆင်‌ပြေ စေရေးအတွက် YBS ယာဉ်လိုင်းများ စနစ်တကျ ပြေးဆွဲစေရေး၊ ယာဉ်ကြောပိတ်ဆို့ ကြပ်တည်းမှု မရှိစေရေးအတွက် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ အသီးသီးမေးမြန်းခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တာဝန်ရှိသူများက အသီးသီး ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။ 

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ၏ ဝန်ဆောင်မှုလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်သူများထံ အသိပေးရှင်းလင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီ (YRTC)မှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)