ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့် အမှတ် (၂) သံမဏိစက်ရုံ (ပင်းပက်) ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ မတ် ၂၆

စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွန့်သည် မတ် ၂၃ ရက် နံနက်ပိုင်းတွင် အမှတ် (၂) သံမဏိ စက်ရုံ (ပင်းပက်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ စက်ရုံရှင်းလင်းဆောင်၌ စက်ရုံမှူးနှင့် အရာထမ်းများ၊ တည်ဆောက်ရေးစီမံကိန်းနှင့် ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တွေ့ဆုံရာ ဒုတိယဝန်ကြီးက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုငွေဖြင့် ဆောင်ရွက်ခဲ့သည့် စက်ရုံတည်ဆောက်ရေးလုပ်ငန်းများအား Third Party ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း၊ အထွေထွေပိုလျှံရန်ပုံငွေ (GRF) မှ တောင်းခံသုံးစွဲခဲ့သည့် လုပ်ငန်းများအား အမြန်ပြီးစီးအောင်ဆောင်ရွက်ရန်လိုကြောင်း၊ ထို့ပြင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရမည့် တည်ဆောက်ရေးလုပ်ငန်းများကိုလည်း အချိန်မီပြီးစီးရေးစီမံချက်များရေးဆွဲရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာရမည့် စည်းကမ်းချက်များ သတ်မှတ်၍ ကြပ်မတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 လေသန့်စင်အလုပ်ရုံ (Air Separation Unit) စမ်းသပ်လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းအချိန်ဇယားများရေးဆွဲ၍ လုပ်ငန်းစဉ်အသေးစိတ်ကို စနစ်တကျရေးဆွဲဆောင်ရွက်ရန်လိုကြောင်း၊ လာမည့်ဘဏ္ဍာရေးနှစ်အတွက် ဆောင်ရွက်မည့်လုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းနယ်ပယ်၊ စီမံကိန်းအရည်အသွေး၊ ခန့်မှန်းခြေအသုံးစရိတ်တို့ကို ကြိုတင်ပြုစုရေးဆွဲထားရမည်ဖြစ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများကို စနစ်တကျဖြင့် မြန်ဆန်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ရှုထောင့်ပေါင်းစုံမှ ဆင်ခြင်သုံးသပ်ပြီး စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် စက်ရုံမှူးက နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်လမ်းညွှန်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့၏ ခရီးစဉ်လမ်းညွှန်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ တည်ဆောက်ရေးစီမံကိန်းအင်ဂျင်နီယာက ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စက်ရုံအတွင်းရှိ လေသန့်စင်အလုပ်ရုံ (Air Separa-tion Unit) နှင့် Romelt Shop တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)