တောင်ကြီးမြို့၌ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မူဆိုင်ရာ တိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့၌ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မူဆိုင်ရာ တိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ





တောင်ကြီး၊ မတ် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၌ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့(ဗဟို)၊ ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရှမ်းပြည်နယ် အိမ်ခြံမြေဝန်ဆောင်မူအသင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွှေလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကျင်းပသည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မူဆိုင်ရာတိုက်ဖျက်ရေး အသိပညာပေးဟောပြောပွဲကို မတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီက တောင်ကြီးမြို့၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (SSSICC) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအေးနိုင်က အဖွင့်အမှာစကားပြောကြားရာတွင် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ ၁၁-၆-၁၉၉၁ ရက် နေ့တွင် (ဗီယင်နာ Convertion၊ ဩစတြီးယား)တွင်လည်းကောင်း၊ ၃၀-၃-၂၀၀၄ ရက်နေ့တွင် နိုင်ငံဖြတ်ကျော် မှုခင်းများတိုက်ဖျက်ရေး ကုလသမ္မဂအပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (ပလာမို Convertion၊ အီတလီ) တွင်လည်းကောင်း၊ ၂၀-၁၂-၂၀၁၂ ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ ကုလသမ္မဂအပြည်ပြည်ဆိုင်ရာ သဘောတူစာချုပ် (မက္ကဆီကို) တွင်လည်းကောင်း၊ အသီးသီးလက်မှတ်ရေးထိုးပြီး အဖွဲ့ဝင်နိုင်ငံအဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ငွေကြေးခဝါချမှုဆိုးကျိုးအနေဖြင့် စီးပွားရေးမတည်ငြိမ်မှုဖြစ်ခြင်း၊ တရားစီရင်ရေးမဏ္ဍိုင်ယိမ်းယိုင်ခြင်း၊ ဘဏ်လုပ်ငန်းစနစ် မတည်မငြိမ်ဖြစ်ခြင်း၊ ရာဇဝတ်မှုခင်းများ များပြားခြင်း၊ အမျိုးသားလုံခြုံမှုကို ထိခိုက်စေခြင်းများ ဖြစ်ပေါ်စေသဖြင့် တားဆီးကာကွယ်ဖော်ထုတ် အရေးယူဆောင်ရွက်နိုင်ရန် ဥပဒေ၊ နည်းဥပဒေများပြဋ္ဌာန်းခြင်း၊ နိုင်ငံတကာသဘောတူစာချုပ်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများတွင် အဖွဲ့ဝင်အဖြစ်ပါဝင်ခြင်း၊ ပြည်တွင်းပြည်ပပူး‌ပေါင်းဆောင်ရွက်ခြင်းများကို ပြုလုပ်နေရခြင်းဖြစ်ပါကြောင်း၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေကို ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ်(၁၁)နှင့် ပြဋ္ဌာန်းခဲ့ပြီးဖြစ်သဖြင့် ငွေကြေးခဝါချမှုပြုလုပ်ခြင်းနှင့် သတင်းပို့ရန် ပျက်ကွက်ပါက  အရေးယူနိုင်သည့် ပြစ်မှုနှင့် ပြစ်ဒဏ်များ လိုက်နာဆောင်ရွက်ကြရန်လိုကြောင်း၊ ပမာဏနှင့် အထက်ကျော်လွန်သည့် သတင်းပို့ချက်(TTR)နှင့် သံသယဖြစ်ဖွယ် ပုံမှန်မဟုတ်သော ငွေကြေးလွှဲပြောင်းမှု သတင်းပေးပို့ချက် (STR) များကို ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့ (FIU)သို့ ပေးပို့ကြရန် တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးခင်မောင်သန်း၊ ရှမ်းပြည်နယ် အိမ်ခြံမြေဝန်ဆောင်မှုအသင်းဥက္ကဋ္ဌ ဦးခွန်ဝင်းဇော်ထွန်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးနိုင်နိုင်ထွန်းတို့က နှုတ်ခွန်းဆက်စကားပြောကြားပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)၊ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးတင့်ဇော်က ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မူဆိုင်ရာ တိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။


ကျော်ဇင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)