မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ဌာနတွင်းဥပဒေအသိပညာပေး သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ဌာနတွင်းဥပဒေအသိပညာပေး သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

              


မော်လမြိုင်မြို့၊ မတ် ၂၇            

မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားအဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်စေရန် အဓိကတာဝန်ယူဆောင်ရွက်ရသည့် ဌာနတစ်ခုဖြစ်ရာ မိမိဌာန၏ရုံးလုပ်ငန်းတာဝန်များအပြင် ဥပဒေဘာသာရပ်များကို သိရှိနားလည်စေရန်ရည်ရွယ်၍ ဌာနတွင်းဥပဒေ အသိပညာပေးသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ရာမညခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာမွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူး (ဒုတိယညွှန်ကြားရေးမှူးချုပ်) ဦးတိုးဝင်းက နိုင်ငံသားတိုင်း ဥပဒေအသိပညာ ရှိကြရမည် ဖြစ်သကဲ့သို့ အုပ်ချုပ်မှုစနစ်မှန်ကန်ရေးနှင့် အုပ်ချုပ်ရေးယန္တာရား ပိုမိုသွက်လက်ချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်နေကြသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှဥပဒေကို နားလည်တတ်ကျွမ်းပြီး လေးစားလိုက်နာတတ်ရန်လိုအပ်ကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများသည် နိုင်ငံတော်တည်ဆောက်ရာတွင် အဓိကကျသည့်အခန်းကဏ္ဍမှ တာဝန်ယူရသည့်အတွက် ရုံးလုပ်ငန်းများ အပေါ် စိတ်စေတနာအပြည့်အဝထားပြီး အဂတိကင်းရှင်းစွာ နိုင်ငံ့တာဝန်၊ ဌာနတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြရန် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်သွားကြရန် ပြောကြားသည်။

ထို့နောက်မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူးက သင်တန်းပို့ချပေးခဲ့သည့် သင်တန်းနည်းပြများအား အမှတ်တရ ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းကို မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဦးစီးအရာရှိအဆင့်မှအကြီးတန်းစာရေးအဆင့်အထိ ဝန်ထမ်း(၁၀၅)ဦးအား နှစ်သုတ်ခွဲကာ အပတ်စဉ် အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသပတေးနေ့များတွင် နံနက်(၀၉:၃၀)နာရီမှ (၁၁:၀၀)နာရီအထိ တစ်ရက်လျှင် (၂)ချိန်ဖြင့် လုပ်ငန်းခွင်မပျက် ဥပဒေအသိပညာပေးရေးသင်တန်းကို ရက်သတ္တပတ်(၈)ပတ်ကြာ သင်တန်းပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။


ကျော်စိုး(​မော်လမြိုင်)

https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)